ပဋိပက္ခ (Conflict) တွေကိုဘယ်လို ဖြေရှင်းကြမလဲ . . . ⁉️

image
လူအမျိုးမျိုး၊ စိတ်အထွေထွေဆိုတဲ့စကားအတိုင်း လုပ်ငန်းခွင်ထဲဖြစ်စေ၊ Personal life မှာပဲဖြစ်စေ လူအများနှင့်ဆက်ဆံရတဲ့အခါမှာ တစ်ဦးနှင့်တစ်ဦး အဆင်ပြေတဲ့ဆက်ဆံရေးတွေတည်ဆောက်နိုင်တာရှိသလို ... သဘောထားတွေမတိုက်ဆိုင်ပဲ ပဋိပက္ခတွေဖြစ်လာတာမျိုးတွေလည်းရှိတတ်ကြပါတယ် ... ဒီလိုပဋိပက္ခတွေကြုံလာတဲ့အခါမှာ စိတ်ခံစားမှုကိုအခြေခံပြီးဖြေရှင်းတဲ့အခါ မလိုလားအပ်တဲ့ ပြသနာတွေဖြစ်လာနိုင်ပါတယ်... 
 ဒါကြောင့်  Thomas-Kilmann Conflict Management Model လေးကိုအခြေခံပြီး ပဋိပက္ခ (Conflict) ဖြေရှင်းနည်းလေးတွေကို မျှဝေပေးလိုက်ပါတယ်ဗျ ...
✨💯 

 ပဋိပက္ခ(Conflict) ဖြေရှင်းတဲ့အခါမှာ Goal (မိမိလိုချင်တဲ့အတိုင်းရဖို့က အရေးကြီးသလား) နှင့် Relationship (တစ်ဖက်လူနဲ့ relationship မပျက်ဖို့က အရေးကြီးသလား) ဆိုတဲ့အချက်နှစ်ချက်ပေါ်မူတည်ပြီး ဖြေရှင်းနည်း (၅)မျိုးရှိပါတယ် .... 

1️⃣ Competing 
 ဒီနည်းကတော့ ဘယ်သူဘာကြီးပဲဖြစ်နေပါစေ ဒီ conflict ကနေ မိမိလိုချင်တဲ့ goal ကိုပဲသွားတဲ့နည်းဖြစ်ပါတယ်။ Goal-oriented နည်းလမ်းဖြစ်တဲ့အတွက် မိမိလိုချင်တာကို အတိမ်းအစောင်းခံလို့မရနိုင်ဘူးဆိုရင်တော့ ဒီနည်းကိုသုံးသင့်ပါတယ်။ ဒါပေမယ့် ကိုယ်လိုချင်တာကို ဇွတ်အတင်းရအောင် လုပ်နေတာဆိုတော့ relationship ကိုအနည်းနဲ့အများတော့ ထိခိုက်နိုင်ပါတယ်။ ကိစ္စသေးသေးလေးကအစ ကိုယ်လိုချင်တာပဲဦးစားပေးပြီး ငါလိုချင်တာပဲလုပ် ဆိုပြီး emotion based နဲ့သွားရင်တော့ professional မဆန်တဲ့ အတ္တသမားဖြစ်သွားနိုင်ပါတယ်။

2️⃣ Accommodating 
ဒီနည်းမှာတော့ ပဋိပက္ခတွေဖြစ်လာတဲ့အခါ ကိုယ်နဲ့တစ်ဖက်လူနဲ့ Relationship မပျက်ဖို့ကိုပိုဦးစားပေးပြီး ကိုယ့်ဘက်ကလိုက်လျောပေးလိုက်တာမျိုးဖြစ်ပါတယ်။ ကိုယ်လိုက်လျောပေးရမယ့်အရာက အရမ်းအရေးမကြီးဘူး၊ တစ်ဖက်လူနဲ့ Relationship ပျက်သွားရင် ကြီးမားတဲ့ထိခိုက်နာမှုဖြစ်နိုင်တယ်ဆိုရင်တော့ ဒီနည်းကိုသုံးသင့်ပါတယ်။ ဒီနည်းလမ်းကတော့ လုပ်ငန်းခွင်မှာ ငြိမ်းချမ်းမှုကို ထိန်းထားချင်တယ်(ဒါမှမဟုတ်) မိမိမှားနေတယ်ဆိုတာ သိရင် အသုံးပြုဖို့ သင့်လျော်တဲ့ပုံစံပဲဖြစ်ပါတယ်။ ဒါပေမယ့် သေးသေးလေးကအစ လိုက်လျောပေးနေရတဲ့ Mr Peace ဖြစ်နေရင်တော့ မိမိအပေါ်မလိုလားတဲ့ လွှမ်းမိုးမှုတွေဖြစ်လာနိုင်ပြီး မိမိ ကိုယ်ကို စိတ်ပင်ပန်းစေမှာပဲဖြစ်ပါတယ်။

3️⃣ Compromising 
ဒီနည်းမှာတော့ ပဋိပက္ခတွေဖြစ်တဲ့အခါမှာ တစ်ဖက်နှင့်တစ်ဖက် အပေးအယူအလျော့အတင်းလေးနဲ့ သွားတဲ့ အလယ်အလတ်လမ်းစဉ်ပဲဖြစ်ပါတယ်။ ကိုယ့်ဘက်ကလည်း တချို့တလေလျော့ပြီး အရေးကြီးတဲ့၊လိုအပ်တဲ့တချို့ရအောင် negotiate လုပ်တဲ့ နည်းလမ်းပဲဖြစ်ပါတယ်။

4️⃣ Avoiding 
ဒီနည်းမှာတော့ ပဋိပက္ခတွေကိုအချိန်တစ်ခုရှောင်လိုက်တဲ့နည်းပဲဖြစ်ပါတယ်။ conflict ဖြစ်နေတဲ့ အကြောင်းအရာက နှစ်ဖက်လုံးအတွက်လက်ရှိမှာ သိပ်အရေးကြီးမနေဘူး၊ ပြဿနာကို ဆွေးနွေးရန် အချိန်မရှိတဲ့အခါမှာ ပြဿနာကိုခေတ္တရှောင်လိုက်တဲ့နည်းဖြစ်ပါတယ်။ အချိန်တစ်ခု space ယူလိုက်ခြင်းက နှစ်ဖက်လုံးစိတ်အေးသွားပြီး ပြဿနာကိုသေချာစဉ်းစားနိုင်တဲ့အတွက် ကောင်းမွန်တဲ့အဖြေကို ရှာနိုင်မှာပဲဖြစ်ပါတယ်။

5️⃣ Collaborating 
ဒီနည်းကတော့ ပဋိပက္ခတွေအပေါ်မှာ တစ်ဖက်နှင့်တစ်ဖက် ရေရှည်ကို ပိုဉီးစားပေးပြီး နှစ်ဖက်လုံး ဖြစ်သင့်တာကို ညှိနှိုင်းပြီး အဖြေထုတ်တဲ့နည်းဖြစ်ပါတယ်။ တစ်ဖက်နှင့်တစ်ဖက် စိတ်ရှည်လက်ရှည်နဲ့ နှစ်ဖက်လုံးအဆင်ပြေတဲ့ result အထိထုတ်ရတာဖြစ်တဲ့အတွက် အချိန်ကာလရှည်ယူရမှာပဲဖြစ်ပါတယ်။ ဒီနည်းကတော့ ချက်ချင်း အဖြေထုတ်ဖို့လိုနေတဲ့ အခြေအနေမျိုးတွေမှာ သုံးဖို့ အဆင်မပြေနိုင်ပေမယ့် သေချာကိုင်တယ်ဖြေရှင်းနိုင်လျှင် အကောင်းဆုံးresult ရနိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။ 

 အထက်ပါနည်းလမ်းလေးတွေကတော့ ပဋိပက္ခ (Conflict) ဖြေရှင်းနည်းလေးတွေပဲဖြစ်ပါတယ်ဗျ .. JOIM က Job Seeker လေးတွေလည်း Conflictတွေကို အကောင်းဆုံးကိုင်တွယ်ဖြေရှင်းနိုင်ပြီး ကောင်းမွန်တဲ့ လူမှုပတ်ဝန်းကျင်းလေးကို ဖန်တီးနိုင်ပါစေဗျ...💙✨ 

Share this Blog?