Email နှင့် Viber အလုပ်လျှောက်နည်းလေး ဝေမျှပါရစေခင်ဗျ 📢

image
Email နှင့် Viber အလုပ်လျှောက်နည်းလေး ဝေမျှပါရစေခင်ဗျ 📢
အလုပ်positionတစ်ခုကို အပြိုင်အဆိုင်လျှောက်ထားသူများပြားလှတဲ့ ယခုခေတ်အခြေအနေမှာ ကျွန်တော်တို့သည် အလုပ်ခေါ်စာ Viber or Email များကို CV form ကြီးဘဲ ပေးပို့လိုက်တာမျိုးမလုပ်သင့်ပါဘူးခင်ဗျ။ အလုပ်ခေါ်စာပေးပို့နည်းလေးကို ဝေမျှပေးပါရစေဗျ . . .
☑️ Email ဖြင့်အလုပ်လျှောက်နည်း
Email ဖြစ် အလုပ် လျှောက်သူများသည် အရင်ဆုံး ကိုယ့်နာမည်ဖြင့် Email Account ဖွင့်ပေးရပါမည်။ လိုင်စင်ဓာတ်ပုံကို Email Profile မှာ ထားပေးရပါမည်။ Email Name ကို ကိုယ်နာမည်ထည့်ပေးရပါမည်။ ပိုပြီး စည်းစနစ်နှင့် ကြိုတင်ပြင်ဆင်မှုကို ပြသပေးရပါမည်။
အဲ့လိုလေးပြည့်စုံပြီဆိုရင် . . . အလုပ်တစ်ခုကိုတွေ့ပါက စတင်လျှောက်ကြည့်မယ်ဗျ ....
-ဘယ်ရာထူးကိုလျှောက်တာလဲ? ဆိုတာ ရေးပေးရပါမယ်ဗျ။ အဲ့တာအတွက် Email ပို့ခါနီးကြရင် Subject နေရာမှာ 👉 "Applying for ကိုယ်လျှောက်မဲ့ရာထူးခေါင်းစဉ်" 👈 ထည့်ရေးပေးပါဗျ။
-CV Form ချည်းဘဲပေးပို့တာမျိုးမဟုတ်ဘဲ ဘာပြောလိုက်ချင်လဲ? ဘာလို့လျှောက်တာလဲ? ဆိုတာလေးတွေကို တိုတိုနဲ့ထိထိမိမိ ရေးဖို့ Compose Email နေရာလေးမှာ 👉 အလုပ်ခေါ်စာမှာပါသော သူတို့လိုချင်တဲ့ အဓိကအရေးကြီးသော အချက်အလက်တွေကို Mention ပြန်ခေါ်ပြီး👈 ပို့ပေးတာမျိုးပါ။တစ်ခြား အချက်အလက်တွေတောင်းထားရင်လဲ Main Point လောက်ကို ပြန်ပြီး Mention ပေးပြီးပြောပြပေးတာမျိုးထည့်ရေးပေးပါ ဒီအလုပ်လေးက သင်နဲ့ အကိုက်ညီဆုံးတစ်ခုဖြစ်ပါတယ် ဒါကြောင့် ကျွန်တော့်ကိုအခွင့်အရေးပေးဖို့ စောင့်နေပါမယ်စသဖြင့် ရေးပြီးပို့ပေးပါခင်ဗျ။
ပေးပို့ရမည့် CV form သည် Pdf ဖြစ်ရပါမည်၊ Pdf File Name သည် ကိုယ့်နာမည်ဖြစ်ရပါမည်။ တစ်ခြား Certificate တွေကို သူတို့အလုပ်ခေါ်စာတွင် ပေးပို့ခိုင်းမှ ပေးပို့ပေးပါ CV form မှာထည့်ရေးရင်ရပါပြီဗျ။
☑️ Viber ဖြင့်အလုပ်လျှောက်နည်း
Viber ဖြစ် အလုပ် လျှောက်သူများသည် လိုင်စင်ဓာတ်ပုံကိုViber Profile မှာထားပေးရပါမည်။ Viber Name ကို ကိုယ်နာမည်ထည့်ပေးရပါမည်။ ပိုပြီး စည်းစနစ်နှင့် ကြိုတင်ပြင်ဆင်မှုကို ပြသပေးရပါမည်။
ဘယ်ရာထူးကိုလျှောက်တာလဲ? ဆိုတာ ပို့ခါနီး ကြရင် CV Form အရင်ပို့ပါ၊ ပြီးရင် Companyမှခေါ်ယူထား‌သော မည်သည့်အလုပ်ရာထူးကိုလျှောက်ထားကြောင်းပြောပါ၊ ကိုယ့်အကြောင်းကိုမိတ်ဆက်ပြီး အလုပ်ခေါ်စာမှာပါသော Job Description အချက် အလက်က လူကြီးမင်းနဲ့ကိုက်ညီကြောင်းပြန် Mention ပေးပါဗျ။
☑️ ဘယ်အချိန်လျှောက်သင့်လဲ
အလုပ်လျှောက်လွှာများကို ရုံးချိန်အတွင်းပေးပို့ပေးရပါမည်။ ပိုပြီး စနစ်ကြဖို့အတွက် မနက် ၉နာရီတိတိနှင့် နေ့ခင်း ၁နာရီတိတိသည် အလုပ်ခေါ်စာပေးပို့ရန် အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ တစ်ချို့ လုပ်ငန်းများတွင် Email ကိုနှစ်ကြိမ်လောက်ဘဲ ဖွင့်ဖတ်တတ်ကြပါတယ်ဗျ။
နိဂုံးချုပ်ဆိုခြင်းအားဖြင့် အခုကာလအနေအထားအရ အလုပ်​ခေါ်စာတစ်​နေရာအတွက် အလုပ်လျှောက်ထားသူတွေဟာ ပိုပြီးများပြားနေသောကြောင့် အလုပ်တစ်ခုထဲကို စောင့်မနေဘဲ မိမိအတွက် တစ်ခြား​သော သင့်​တော်ရာ အလုပ်များကိုပါ လျှောက်ထားကြည့်ပါ။ နည်းနည်းတော့ပိုဇွဲကောင်းပေးပါဗျ။
အားလုံးလဲ ကိုက်ညီတဲ့အလုပ်လေးတွေ ရရှိကြပါစေဗျ။


သင့်အ​နေနဲ့ ယုံကြည်စိတ်ချရ​သော Company တိုက်ရိုက် အလုပ်ကိုင်များကို JOIM Platform များမှတဆင့် တိုက်ရိုက်ကြည့်ရှု​လျှောက်ထားနိုင်ပြီဖြစ်ပါတယ်။

🔹𝗝𝗢𝗜𝗠 𝗪𝗲𝗯𝘀𝗶𝘁𝗲 
🔹𝗝𝗢𝗜𝗠 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 𝗣𝗮𝗴𝗲  
🔹𝗝𝗢𝗜𝗠 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 𝗖𝗵𝗮𝗻𝗻𝗲𝗹  
🔹𝗝𝗢𝗜𝗠 𝗟𝗶𝗻𝗸𝗲𝗱𝗜𝗻 𝗣𝗮𝗴𝗲 
🔹𝗝𝗢𝗜𝗠 𝗩𝗶𝗯𝗲𝗿 𝗖𝗵𝗮𝗻𝗻𝗲𝗹  

ကောင်းမွန်သော အလုပ်အကိုင်လေးများ ရရှိနိုင်ကြပါစေခင်ဗျ။
JOIM Teams ❤️

Share this Blog?