သင် . . .အင်တာဗျူးတစ်ခုဖြေပြီးတိုင်း သင်ဘာတွေရခဲ့လဲ ❓

ကျွန်တော်တို့ အင်တာဗျူး တစ်ခု ဖြေပြီးတိုင်း ထို အင် တာဗျူးမှာ ကျွန်တော်တို့ သတိထားမိသော လိုအပ်ချက်များရှိသလို ၊ ကျွန်တော်တို့ ကိုယ်တိုင် သတိမထားမိဘဲ ပြုမူမိလိုက်သော အရာများလဲရှိပါတယ် . .
ထိုအရာများဟာ အင်တာဗျူးမှာ ကိုယ်ဖော်ပြလိုက်တဲ့ အကြောင်းအရာ စကားလုံးများဖြစ်နိုင်သလို၊ ကိုယ်သတိမထားမိတဲ့ ကိုယ့်ရဲ့ "Body action" လေးတစ်ခုလဲ ဖြစ်နိုင်ပါတယ်။ ထိုအရာတွေကို အင်တာဗျူး တစ်ခုဖြေပြီးတိုင်း ကိုယ်ဘယ်နေရာလေးတွေ လိုအပ်သွားလဲ ပြန်လည်သုံးသပ်ပြီး နောက်ထပ် အင်တာဗျူးများအတွက် ပိုမိုပြည့်စုံကောင်းမွန်အောင် ပြင် ဆင်ထားသင့်ပါတယ်။
စာဖတ်သူတို့မြင်အောင် ကျွန်တော့်ရဲ့အတွေ့ကြုံလေးနဲ့ယှဥ်ပြီး ပြောပြချင်ပါတယ် . . .
ကျွန်တော့်အနေနဲ့ အတွေ့အကြုံမရှိသေးခင် အခြေအနေတစ်ခုမှာ Company အများစုဆီ အင်တာဗျုးဝင်ခဲ့ပြီး ပထမဆုံး အင်တာဗျူးမှာ ကျွန်တော့်အနေနဲ့ လိုချင်တဲ့ရလာဒ်ကို မရရှိခဲ့ပါဘူး။
ထိုအင်တာဗျူး ဖြေအပြီး ကျွန်တော်ရဲ့ အင်တာဗျူးဖြေဆိုပုံကို ပြန်လည်သုံးသပ်ကြည့်တဲ့အခါ အင်တာဗျူးဖြေဆို နေစဥ်အတွင်း ကျွန်တော်ထိုင်နေသော ဆုံလည်ကုလားထိုင်ကို နှဲ့နေခဲ့တဲ့ အပြုမူတစ်ခုကို သတိထားမိခဲ့ပါတယ်။ ဖြေဆိုနေစဥ်အချိန်မှာသတိမထားမိလိုက်တဲ့ အပြုမူဖြစ်ပေမဲ့ ဖြေဆိုပြီးတဲ့အခါပြန်လည်သုံးသပ်ပြီး ထိုအပြုမူကို နောက် အင်တာ ဗျူးများ အတွက် ထပ်မဖြစ်အောင် ပြင်ဆင်ခဲ့ပါတယ်။
အင်တာဗျူးတစ်ခုဖြေဆိုပြီးတဲ့အခါတိုင်းမှာလဲ နောက်တစ်ခါ ဒီမေးခွန်းမျိုး နောက် အင်တာဗျူးမှာ ငါ့ကိုမေးလာခဲ့ရင် ငါဘယ်လိုပြန်ဖြေမလဲ... အခု ငါဖြေလိုက်တဲ့ အဖြေကကော တကယ် ပြီးပြည့်စုံတဲ့ အဖြေမျိုးလား ❓စသော . . .မေးခွန်းတစ်ခုတိုင်းကို နောက်တစ်ခါဖြေရင် ဒီ့ထက်ဘယ်လိုကောင်းမွန်သော အဖြေ ၊ စကားလုံးသုံးပြီး ဖြေနိုင်မလဲကို ပြန်လည်သုံးသပ်ကြည့်ပါတယ်။
ဒီလိုအင်တာဗျူးတစ်ခု ဖြေပြီးတိုင်း ပြန်လည် သုံးသပ်ရင်း ဖြေဆိုခဲ့တာကြောင့် အင်တာဗျူးများမှာ မိမိလိုချင်တဲ့ရလာဒ်များရလာခဲ့သလို၊ တချို့အင်တာဗျုူးတွေမှာ မိမိနဲ့အဆင်မပြေတာကြောင့် မလုပ်ဖြစ်ပေမဲ့ အင်တာဗျူးရလာဒ်ကောင်းတွေကိုပိုင်ဆိုင်လာခဲ့ပါတယ်။
အဲ့ဒါကြောင့် အင်တာဗျူးတစ်ခုဖြေပြီးတိုင်းမှာ ပြန်လည်သုံးသပ်ပြင်ဆင်နိုင်ဖို့ အားလုံးကို Knowledge sharing တစ်ခုအဖြစ် တင်ပြပေးလိုက်ပါတယ်။
သင့်အနေနဲ့ ယုံကြည်စိတ်ချရသော Company တိုက်ရိုက် အလုပ်ကိုင်များကို JOIM Platform များမှတဆင့် တိုက်ရိုက်ကြည့်ရှုလျှောက်ထားနိုင်ပြီဖြစ်ပါတယ်။
🔹𝗝𝗢𝗜𝗠 𝗩𝗶𝗯𝗲𝗿 𝗖𝗵𝗮𝗻𝗻𝗲𝗹
ကောင်းမွန်သော အလုပ်အကိုင်လေးများ ရရှိနိုင်ကြပါစေခင်ဗျ။
JOIM Teams 

Share this Blog?