Online lnterview တစ်ခုအတွက် ဘယ်လိုပြင်ဆင်ထားရမလဲ. . .❓

Online lnterview တစ်ခုအတွက် ဘယ်လိုပြင်ဆင်ထားရမလဲ. . .

ကမ္ဘာကြီးရဲ့ ပြောင်းလဲလာတဲ့ ခေတ်အခြေအနေ အနေထားကြောင့် အလုပ်တွေကို အလွယ်တစ်ကူ Online မှတစ်ဆင့့် ရှာဖွေလျှောက်ထားလာနိုင်ကြတဲ့အပြင် Interview တွေကိုလည်း Online ကနေ ပြုလုပ်လာကြပြီပဲ ဖြစ်ပါတယ် ။ HR နှင့် လုပ်ငန်းရှင်များကလည်း ပထမအဆင့် Interview ကို online ဖြင့် ပြုလုပ်လာကြပြီး ဇကာတင်ကျန်ရှိတဲ့ candidates တွေကိုသာ လူတွေ့ အင်တာဗျူးပြုလုပ်ကြပါတယ်...
Online Interview တစ်ခုအတွက် အကောင်းဆုံးဖြစ်အောင် ဘယ်လိုပြင်ဆင်ထားရမလဲဆိုတာကို JOIMကနေပြီး Knowledge Sharing လေးလုပ်ပေးလိုက်ပါတယ်. . .

ဒီအချက်ကအရေးကြီးပါတယ်...Online interview invite ပြီဆိုထဲက ဘယ် platform ကနေ interview ကို ပြုလုပ်မယ်ဆိုတာ Company ဘက်မှ ကြိုတင်ပြောလေ့ရှိပါတယ်...
company ဘက်မှ ပြောဖို့ ကျန်နေပါကလည်း မိမိဘက်မှ မေးမြန်းပြီး ကြိုတင်ပြီး အသုံးပြုကြည့်ထားဖို့ လိုအပ်ပါတယ်။
သင့်အနေနဲ့ interview အချိန်နီးမှ softwareကို download ပြုလုပ်မည်ဆိုပါက အကောင့်ဖွင့်ခြင်း နှင့် software toolsများကိုရင်းနှီးမှုမရှိခြင်းကြောင့်အခက်ခဲတွေ့နိုင်ပါတယ်။ ဒါ့ကြောင့် အနည်း ဆုံး တစ်ရက်ကြိုတင်ပြီး interviewတွင်အသုံးပြုမည့် softwareကို စမ်းသပ်သုံးစွဲကြည့်ပါ။ ဒါမှသာ မိမိရဲ့ smart phone (သို့) laptop နဲ့ကိုက်ညီမှုရှိ/မရှိ ၊ သုံးစွဲရတာအဆင်ပြေ/မပြေသိနိုင်ပါလိမ့်မယ်။

သင့်အနေနဲ့ အင်တာဗျူးအတွက် ဒုတိယအခွင့်ရေးမရနိုင်တဲ့အတွက် အကောင်းဆုံးနေရာကိုရွေးချယ်ပြင်ဆင်ထားပါ။

ဒါ့ကြောင့် Online interview ဖြစ်ပေမဲ့ face to face interview တစ်ခုသွားရသလိုစိတ်ထဲထားပြီး သပ်ရပ်စွာ ဝတ်စားဆင်ယင်ပြီး ယုံကြည်မှုရှိရှိ ဖြေဆိုရန်လိုအပ်ပါတယ်။ သို့မှသာ တစ်ဖက်က ကိုယ့်ကိုကြည့်လိုက်တာနဲ့သူများနဲ့မတူတဲ့ အမြင်တစ်ခုကိုရရှိမှာဖြစ်ပါတယ်။ အိမ်နေရင်းပုံစံနဲ့ပဲဖြေဆိုသူနဲ့ သပ်သပ်ရပ်ရပ်ပြင်ဆင်ဝတ် ဆင် ထားသူဆို သပ်သပ်ရပ်ရပ်ပြင်ဆင်ထားသူက ကြိုတင်ပြင်ဆင်မှုစောင့်ဆိုင်းမှုကို ပြသရာရောက်ပါတယ်။

ကဲဒါဆိုရင် အားလုံးပဲ online interviewတစ်ခုဖြေဆိုဖို့ ဘာတွေပြင်ဆင်သတိထားသင့်လဲ သိလောက်ပြီထင်ပါတယ်။ နောက်အပတ်များမှာလည်း အလုပ်ရှာသူများ အတွက် Knowledge sharing တွေ ထပ်ပြီး ပြုလုပ်ပေးသွားမှာပဲ ဖြစ်ပါတယ်။
အားလုံးပဲ online interviewကိုကောင်းစွာဖြေဆိုပြီး အလုပ်ကိုင်များအမြန်ရရှိကြပါစေခင်ဗျာ။
Share this Blog?