အင်တာဗျူးဖြေဖို့အတွက်ဘာတွေပြင်ဆင်သွားရမလဲ...❓
🔷 သင့်ကို အင်တာဗျူးတွင်ပါဝင်ကြောင်း အကြောင်းကြားတဲ့အခါ အရေးကြီးဆုံးကတော့ မဖြစ်မနေ ဘာတွေယူဆောင်လာရမလဲကို တစ်ခါတည်းမေးဖို့ မမေ့ပါနဲ့။ နောက်ပြီးတော့ interview သွားရောက်ဖြေရမယ့်နေရာနဲ့ interview မှာ အသုံးပြုမယ့် Language ၊ Interview ဖြေကြားရမယ့်ပုံစံ ( Eg. လူတွေ့ Viber တန်းဖြေရမှာလား ၊ Test စစ်ဆေးမယ်ဆို စစ်ဆေးမယ့်အကြောင်းအရာတွေ) စတာတွေ အသေးစိတ်မေးမြန်းဖို့ အရေးကြီးပါတယ်။
ထို့နောက် အင်တာဗျူးသွားသောအခါ မိမိယူဆောင်သွားမဲ့အရာတွေကြိုပြင်ဆင်ထားပြီး၊ Test ဖြေရမယ်ဆိုရင် ဖြေရမယ့်အကြောင်းအရာတွေကို ကြိုလေ့လာဖို့လိုပါတယ်။ ထို့အပြင် မိမိကို Interview invite ထားတဲ့ company အကြောင်းကိုလည်း သေချာလေ့လာထားဖို့လည်းလိုပါတယ်။
🔷 အင်တာဗျူးရောက်မှ ယူဆောင်လာသင့်သော အချက်အလက်များ မပါလာခြင်း၊ ဖြေဆိုမယ့် ပုံစံတွေနှင့်ပတ်သတ်ပြီး ကြိုတင်မပြင်ဆင်မိခြင်း စတာတွေကြောင့် သင့်အတွက် အလုပ်ရရှိရန် ရာခိုင်နှုန်း နည်းနိုင်ပါတယ်။
ဒါကြောင့် အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေရရှိနိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေသေချာပြုလုပ်သွားဖို့ အရေးကြီးပါတယ်....
ပုံမှန်အားဖြင့် အင်တာဗျူးအတွက် ယူဆောင်သွားရမည့် အရာများကိုလည်း ကြိုတင်ပြင်ဆင်ထားနိုင်ရန် ဖော်ပြပေးလိုက်ပါတယ်။
◾️သင့်ရဲ့ ကိုယ်ရေးကျဥ်း(CV Form)တစ်ခုပိုယူသွားပါ။
◾️မှတ်ပုံတင် (သို့)ကားလိုင်စင် ၊သန်းခေါင်စာရင်းမိတ္တူ ၊ ထောက်ခံစာများ။
◾️ဘွဲ့လက်မှတ် နှင့် သင်တန်း အသိမှတ်ပြုအောင်လက်မှတ် (Certificate )များ ။
◾️လိုင်စင် ဓါတ်ပုံအပို ယူဆောင်သွားပါ။
◾️အင်တာဗျူးတွင် အချက်အလက်များမှတ်သားနိုင်ရန် မှတ်စုစာအုပ်တစ်ခုယူဆောင်သွားပါ။
◾️စာရွက်စာတမ်းများကို တစ်စုတစ်စည်းတည်း မပျောက်ပျက်အောင် Fileတစ်ခု နဲ့ထည့်သွင်းယူဆောင်ပါ။
သင့်အနေနဲ့ ယုံကြည်စိတ်ချရသော Company တိုက်ရိုက် အလုပ်ကိုင်များကို JOIM Platform များမှတဆင့် တိုက်ရိုက်ကြည့်ရှုလျှောက်ထားနိုင်ပြီဖြစ်ပါတယ်။
🔹𝗝𝗢𝗜𝗠 𝗩𝗶𝗯𝗲𝗿 𝗖𝗵𝗮𝗻𝗻𝗲𝗹
ကောင်းမွန်သော အလုပ်အကိုင်လေးများ ရရှိနိုင်ကြပါစေခင်ဗျ။
JOIM Teams
Share this Blog?