စိတ်ဖိစီးများတဲ့ အလုပ်မှာ မပျော်တော့တဲ့အခါ ဘယ်လိုရင်ဆိုင်​ ဖြေရှင်းမလဲ.....???

image
ကျွန်​​တော်တို့ဟာ အ​ကြောင်းအရင်း အမျိုးမျိုး​ကြောင့် လုပ်ငန်းခွင်အတွင်း စိတ်ဖိစီးမှုများပြီး မ​ပျော်ရွှင်​တော့တဲ့အခိုက်အတန့်လေးတွေ တွေ့ကြုံရနိုင်ပါတယ်.......အဲ့လိုအချိန်တွေကြုံတွေ့လာတဲ့အခါ မိမိရဲ့စွမ်း​ဆောင်နိုင်ရည် အရည်အချင်းများ​လျော့ကျလာပြီး ထိုလုပ်ငန်းမှာ အခြားသူများနှင့်ဆက်လက်ရှိ​နေဖို့လည်းခက်ခဲလာနိုင်ပါတယ်.......နောက်ဆုံး မ​ပျော်ရွှင်ရ​သောလုပ်ငန်းခွင်ကို စွန့်လွှတ်ဖို့အထိဖြစ်လာပါတယ်။ 
 
သို့​သော်လဲ သင့်အ​နေနဲ့ တစ်ခြား​သောအခက်ခဲများ​ကြောင့် စိတ်ဖိစီးမှုများပြီး မ​ပျော်ရွှင်​ရသော​လုပ်ငန်းခွင်ကို စွန့်ခွာဖို့လည်း မဖြစ်နိုင်​သေးတဲ့အခါ အောက်ပါအချက်များကိုလုပ်ကြည့်ပါ။

◾အားလပ်ရက်မှာအပြည့်အဝအနားယူပါ။
သင့်ရဲ့အားလပ်ရက်​တွေမှာ သင့်ရဲ့အလုပ်အကြောင်း လုံးဝမ​တွေးဘဲ အားလပ်ရက်ကို အပြည့်အဝအနားယူပါ။

◾မိမိကြိုက်နှစ်သက်ရာလုပ်ပါ။
သင့်ရဲ့အားလပ်ရက်​​တွေမှာ စာဖတ်ခြင်း Drama၊ Movieကြည့်ခြင်း၊ shopping ထွက်ခြင်း၊ ​​ဘောလုံးကန်ခြင်း၊ Game ကစားခြင်း စသဖြင့် သင်ကြိုက်နှစ်သက်ရာပြုလုပ်ခြင်းဖြင့် ​ပျော်ရွှင်စွာကုန်ဆုံးပါ။

◾မိမိချစ်ခင်နှစ်သက်သူ၊ သူငယ်ချင်း၊ မိတ်​​ဆွေများနှင့်​တွေ့ဆုံပါ။
အားလပ်ရက်​တွေမှာ မိမိချစ်ရသူ၊ သူငယ်ချင်းမိတ်​ဆွေများနဲ့​တွေ့ဆုံပြီး ​လျှောက်လည်ခြင်း၊ မုန့်စားခြင်း ပြုလုပ်ပါ။

◾ရင်ဖွင့်ပါ။
မိမိယုံကြည်စိတ်ချရသူ၊ မိမိအားအကြံဥာဏ်​ပေးနိုင်သူအား လုပ်ငန်းခွင်အတွင်း စိတ်ဖိစီးမှုများ ၊ အခက်ခဲများကို ရင်ဖွင့်​ပြောကြားပါ။ အကြံဥာဏ်​​ကောင်းများ​တောင်းခံပါ။

◾ကြိုတင်ပြင်ဆင်ပါ။
မိမိအ​နေနဲ့ဆက်လက်လုပ်ကိုင်လို​စိတ်မရှိတော့ ရင်တော့ ထိုနေရာမှ အမြန်ဆုံး စွန့်ခွာနိုင်ရန် လုပ်သင့်လုပ်ထိုက်​သော ပြင်ဆင်မှုများကို ကြိုတင်ပြင်ဆင်ထားပါ။

အထက်ပါ အချက်တွေကတော့ မပျော်ရွင်တော့တဲ့လုပ်ငန်းခွင်ကနေ ရုန်းထွက်နိုင်မယ့် နည်းလမ်းလေးတွေပဲ ဖြစ်ပါတယ်...

လုပ်ငန်းခွင်ထဲက JOIM's Supporterလေးများအလုပ်အကိုင်များ အဆင်ပြေချောမွေ့ပြီး ၊ အလုပ်မရသေးသော Supporter လေးများလည်း အလုပ်အကိုင်အခွင့်အလမ်းများ အမြန်ဆုံးရရှိပါစေကြောင်း ဆုမွန်​ကောင်း​တောင်း​ပေးလိုက်ပါတယ်ခင်ဗျာ....✨✨✨

#Knowledge_Sharing
#JOIM_Team
#Job_Opportunities_in_Myanmar

Share this Blog?