🤝 တစ်ဦးနှင့်တစ်ဦး အပြန်အလှန်​လေးစားမှုရှိ​​သော လုပ်ငန်းခွင် (၁)

image
🤝 တစ်ဦးနှင့်တစ်ဦး အပြန်အလှန်​လေးစားမှုရှိ​​သော လုပ်ငန်းခွင် (၁) 

ကျွန်ုပ်တို့ အလုပ်လုပ်ကြတဲ့အခါ မိမိလုပ်ကိုင်ရာ လုပ်ငန်းခွင်ဟာ မိမိအတွက် လုံခြုံမှုရှိပြီး ​တစ်ဦးနဲ့တစ်ဦး အပြန်အလှန်လေးစားမှုရှိ​သော လုပ်ငန်းခွင်ဖြစ်ဖို့အရမ်းအ​ရေးကြီးပါတယ်။ သို့မှသာလျှင် လုပ်ငန်းခွင်အတွင်း အလုပ်လုပ်ကိုင်ရာမှာ လုံခြုံစိတ်​ချစွာ စိ​တ်​ရော၊လူပါ ​​ပေါ့ပါးသွက်လက်စွာနဲ့ ​အလုပ်ကို​ပျော်ရွှင်လုပ်ကိုင်နိုင်မှာပါ။ 

ဒါ့ကြောင့် တစ်ဦးနဲ့တစ်ဦး အပြန်အလှန်​လေးစားမှုရှိ​​​​သောလုပ်ငန်းခွင်တစ်ခုဆိုတာဘာလဲ ? မိမိလုပ်ကိုင်​နေတဲ့ ​လုပ်ငန်းခွင်ဟာ​ရော မိမိအတွက်လုံခြုံ စိတ်ချမှုကို ​ပေးနိုင်တဲ့ လုပ်ငန်းခွင်လား ?  လုပ်ငန်းရှင်များအ​နေနဲ့​ရော မိမိတို့ အဖွဲ့အစည်း Community ဟာ​မိမိတို့အတွက် အလုပ်လုပ်​ပေးသူများအတွက် လုံခြုံစိတ်ချရ​သော လုပ်ငန်းခွင်တစ်ခုဖန်တီး​ပေးနိုင်ပြီလား? 

အထက်ပါ မေးခွန်းများအတွက် Knowledge sharing တစ်ခုအ​နေနဲ့ JOIM က​နေတင်ဆက်​ပေးသွားလိုပါတယ် . . . 

What is Respectful Workplace❓ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်​လေးစားမှုရှိ​သောလုပ်ငန်းခွင်ဆိုတာ . . .

◾အနိုင်ကျင့်၊ နိုင်ထက်စီးနင်းလုပ်ခြင်း။
◾လိင်ပိုင်းဆိုင်ရာ ​စော်ကားအ​နှောက်ယှက်​ပေးခြင်းတို့နဲ့ (လုံးဝ)ကင်းလွတ်ရပါမယ်။သို့မှသာ လုံခြုံစိတ်ချရပြီး ​လေးစားမှုရှိတဲ့လုပ်ငန်းခွင်တစ်ခုဖြစ်မှာပါ။ 

လုပ်ငန်းခွင် တစ်ခုဟာ အနိုင်ကျင့်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အ​နှောက်ယှက်​ပေးခြင်း ၊ လိင်ပိုင်းဆိုင်ရာ ​လှောင်​ပြောင်​စော်ကားခြင်းမျိုး ရှိ​နေပါက ထိုလုပ်ငန်းခွင်ဟာ သင့်အတွက် အလုပ်လုပ်ရတာလုံခြုံမှုမရှိသလို ခံစားရ​စေမှာပါ။ 

ဒါ့အပြင် လုပ်ငန်းရှင်များအ​နေနဲ့ မိမိတို့ Company အဖွဲ့အစည်းထဲတွင်  တစ်စုံတစ်​ယောက်ကဖြစ်​စေ ထိုကဲ့သို့ အနိုင်ကျင့်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ​နှောက်ယှက်မှုမျိုးရှိပါက လုပ်ငန်းအတွက်ပါ ထိခိုက်နစ်နာဆုံးရှုံမှု​တွေကိုဖြစ်​ပေါ်​စေမှာဖြစ်ပါတယ်။ 

ထိုကဲ့သို့ အလုပ်ရှင်​ရော ၊ အလုပ်သမားအတွက်ပါ စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာ ပျက်စီးဆုံးရှုံးမှုမျိုးမဖြစ်ရ​အောင် ကျွန်ုပ်တို့တစ်ဦးတစ်​ယောက်ချင်း၊ အဖွဲ့စည်းတစ်ခုချင်းက မိမိတို့ရဲ့ . . .

◾ဂုဏ်သိက္ခာ(Dignity)
◾လောကဝတ်(Etiquette)
◾လေးစားမှု (Respect)  စသော တို့ကို​စောင့်ထိန်းကာ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်​လေးစားမှုပြီး လုံခြုံ​ပျော်ရွှင်ရ​သော လုပ်ငန်းခွင်တစ်ခုကို ဖန်တီးကြပါစို့လို့ တိုက်တွန်းရင်း "တစ်ဦးနှင့်တစ်ဦးအပြန်လှန်​လေးစားမှုရှိ​သောလုပ်ငန်းခွင်(၁)" ကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်။ 

သင့်အ​နေနဲ့ ယုံကြည်စိတ်ချရ​သော  Company တိုက်ရိုက် အလုပ်ကိုင်များကို JOIM Platform များမှတဆင့် တိုက်ရိုက်ကြည့်ရှု​လျှောက်ထားနိုင်ပြီဖြစ်ပါတယ်။ 
🔹𝗝𝗢𝗜𝗠 𝗪𝗲𝗯𝘀𝗶𝘁𝗲 
🔹𝗝𝗢𝗜𝗠 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 𝗣𝗮𝗴𝗲  
🔹𝗝𝗢𝗜𝗠 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 𝗖𝗵𝗮𝗻𝗻𝗲𝗹  
🔹𝗝𝗢𝗜𝗠 𝗟𝗶𝗻𝗸𝗲𝗱𝗜𝗻 𝗣𝗮𝗴𝗲 
🔹𝗝𝗢𝗜𝗠 𝗩𝗶𝗯𝗲𝗿 𝗖𝗵𝗮𝗻𝗻𝗲𝗹  

ကောင်းမွန်သော အလုပ်အကိုင်လေးများ ရရှိနိုင်ကြပါစေခင်ဗျ။

JOIM Teams ❤️


Share this Blog?