တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားမှုရှိသော လုပ်ငန်းခွင်(၂)
🤝 "တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားမှုရှိသော လုပ်ငန်းခွင်(၂)"
"တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားမှုရှိသောလုပ်ငန်းခွင်" လို့ဆိုတဲ့နေရာမှာ ကျွန်ုပ်တို့လုပ်ကိုင်နေတဲ့လုပ်ငန်းခွင်အတွင်း ရာထူးအလိုက်ဖြစ်စေ ၊ လုပ်ဖော်ကိုင်ဖတ်အချင်းချင်းဖြစ်စေ ၊ မိမိတို့ရဲ့ Customer နှင့်ဖြစ်စေ တစ်ဦးနှင့်တစ်ဦးပြောဆိုဆက်ဆံခြင်း ( Communication) ပြုလုပ်ရာတွင် အပြန်အလှန်လေးစားမှုရှိခြင်းသည် အလွန်အရေးပါတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။
ဒီတစ်ခါ တစ်ဦးနှင့်တစ်ဦး အပြန်လှန်လေးစားမှုရှိသော လုပ်ငန်းခွင်(၂)မှာတော့ လုပ်ငန်းခွင်အတွင်းပြောဆိုဆက်ဆံခြင်း (Communication) နှင့်ပတ်သတ်ပြီးပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်......
လုပ်ငန်းခွင်အတွင်း တစ်ဦးနဲ့တစ်ဦး ဆက်ဆံမှုပြုကြတဲ့အခါ . . .
▪️လုပ်ငန်းခွင်အတွင်း လုပ်ဖော်ကိုင်ဖက်အချင်းချင်းဖြစ်စေ၊ ရာထူးအထက်အောက်ဖြစ်စေ၊ မိမိတို့ရဲ့ customer နဲ့ဖြစ်စေ တစ်ဦးနှင့်တစ်ဦး လေးစားမှုရှိပြီး စကားပြောဆိုတဲ့အခါ အပြုသဘောဆောင်သော စကားများကိုရွေးချယ် ပြောဆိုခြင်း။
▪️လုပ်ငန်းသဘောအရ မိမိတို့ရဲ့လုပ်ငန်း process များ ပိုမိုအဆင်ပြေချောမွေ့ပြီး လုပ်ငန်းအောင်မြင်တိုးတက်စေရန် ဆွေးနွေးချိန်များတွင် အားတက်သရော ဝင်ရောက် အကြံပြုဆွေးနွေးပြောဆိုခြင်း။
▪️လုပ်ငန်းခွင်ဝင်စ Junior များ၊ လုပ်ဖောကိုင်ဖက်များမှ အလုပ်တာဝန်များဖြင့် မနိုင်ဖြစ်နေရချိန် တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းကူညီပေး ဖေးမမှုတို့ဖြင့် လက်တွဲခေါ်ယူပေးခြင်း။
စတဲ့ Communication ပုံစံ တွေကို ကျင့်သုံးသင့်ပါတယ်....
ဒါမှသာ လုပ်ငန်းခွင်အတွင်း Junior/ Senior မခွဲခြားဘဲ အပြန်အလှန်လေးစားရှိလာပြီး
သာယာသောလုပ်ငန်းခွင်တစ်ခု၊တိုးတက်အောင်မြင်သောလုပ်ငန်းတစ်ခု ဖြစ်ပေါ်လာမှာဖြစ်ပါတယ်....
တစ်ဦးနဲ့တစ်ဦး အပြန်အလှန်လေးစားမှုပြီး ကောင်းမွန်သော လူမှုအဖွဲ့စည်းတစ်ခုကို ဖန်တီးကြပါစို့လို့ တိုက်တွန်းရင်း "တစ်ဦးနှင့်တစ်ဦးအပြန်လှန်လေးစားမှုရှိသောလုပ်ငန်းခွင်(၂)" ကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်။
သင့်အနေနဲ့ ယုံကြည်စိတ်ချရသော Company တိုက်ရိုက် အလုပ်ကိုင်များကို JOIM Platform များမှတဆင့် တိုက်ရိုက်ကြည့်ရှုလျှောက်ထားနိုင်ပြီဖြစ်ပါတယ်။
🔹𝗝𝗢𝗜𝗠 𝗩𝗶𝗯𝗲𝗿 𝗖𝗵𝗮𝗻𝗻𝗲𝗹
ကောင်းမွန်သော အလုပ်အကိုင်လေးများ ရရှိနိုင်ကြပါစေခင်ဗျ။
JOIM Teams
Share this Blog?