အင်တာဗျူးမှာ ဘယ်လိုတွေ ရွေးချယ်ကြတာလဲ❓ Short List ထိ မိမိပါဝင်နေဖို့ ဘယ်လိုတွေ ပြင်ဆင်သင့်တာလဲ ❓
အလုပ်လျှောက်သူများအတွက် အလုပ်အလုပ်တစ်ခုလျှောက်ထားတဲ့အခါ Interview အထိပါဖို့နဲ့ Short List များထဲ မိမိပါဝင်ဖို့အတွက် ဘယ်လိုတွေပြင်ဆင်သင့်လဲ? ဘယ်လို Step By Step စီစစ်ရွေးချယ်တာလဲ? တွေကို ဖော်ပြပေးလိုက်ပါတယ်ဗျ။
1️⃣ Screening ( စိစစ်ခြင်း )
ပထမအဆင့်ဖြင့် အလုပ်လျှောက်သူအများကြီးထဲက လုပ်ငန်းရှင်များက မိမိတို့လုပ်ငန်းအတွက် အဆင်ပြေဆုံး အကိုက်ညီဆုံး လျှောက်ထားသော CV Form များကို ရွေးချယ်ကြပါတယ်။
ထိုအဆင့်တွင် အလုပ်လျှောက်ထားသူများအနေဖြင့် မိမိ CV Form ရွေးချယ်ခြင်းခံရဖို့ JOIM မှာ ခေါ်ယူထားသော အလုပ်ခေါ်စာတွေရဲ့ Job Description နဲ့ Job Requirements များကို သေချာလေးဖတ်ဖို့လိုပါတယ်ဗျ ထိုကြောင့် အလုပ်မလျှောက်ခင် CV Form တွေကို JD ၊ JR အပေါ် မှုတည်ပြီး Highlights ပြရမဲ့အချက်တွေအပေါ် ပြန်ပြင်ဖို့လိုအပ်သလို၊ Email ပို့တဲ့အခါမှာလဲ Main Points လောက်ကို Mentioned ပြန်ခေါ်ပြီး သေချာပြင်ဆင်လျှောက်ထားပေးဖို့လိုပါတယ်ဗျ။
2️⃣ First Interview (ပထမအဆင့်အင်တာဗျူးခေါ်ခြင်း)
ပထမ First Interview တွင် HR များဘက်က အလုပ်လျှောက်သူများထဲက JD ၊JR နှင့် အကိုက်ညီဆုံး အဆင်ပြေဆုံးဟု မှန်းဆထားသော လျှောက် ထားသူများကို လုပ်ငန်းရှင် HR များဘက်မှ လူတွေ့အင်တာဗျူးအတွက် မေးမြန်းတာဖြစ်ပါတယ်ဗျ။
ထိုအဆင့်တွင် အလုပ်လျှောက်ထားသူများက First Impression တစ်ခုရဖို့အတွက် ကြိုတင် ပြင်ဆင်ထားဖို့လိုပါတယ်ဗျ။ အထူး သဖြင့် HR များမှ First Interview အတွက် ဖုန်းဆက်မေးမြန်းတဲ့အခါ မိမိလျှောက်ထားလိုသော ကုမ္ပဏီများကို မှတ်သားထားတာမျိူးနဲ့ အင်တာဗျူး အချိန်များကို အမှတ်မမှားဖို့အတွက် Record ⏺️ ဖမ်းယူထားတာမျိုးကို ကျင့်သုံးသင့်ပါတယ်။ ထိုအပြင် ပထမအဆင့်အတွက် မိမိလျှောက်ထားမဲ့ ကုမ္ပဏီအကြောင်း လေ့လာဖို့နှင့် အင်တာဗျူးတွင်အမေးများဆုံး မေးခွန်း(၉) ခုကို JOIM က တင်ပြဖူးတာကြောင့် အောက်ပါ Link တွင် ဝင်ရောက်ဖတ်ပေးပါဗျ။
https://www.joimyanmar.com/blog/81/aintabyaukhantae-amemyaasaonmekhun-9khu
3️⃣ Second Interview (ဒုတိယအဆင့်အင်တာဗျူးခေါ်ခြင်း)
Second Interview များက ကုမ္ပဏီ Policy ပေါ်မူတည်ပြီး ကုမ္ပဏီတစ်ခုနဲ့ တစ်ခု ကွာခြားမှုများရှီနိုင်ပါတယ်ဗျ၊ တစ်ချို့ ကုမ္ပဏီများက First Interview ထိဘဲ အင်တာဗျူးတာမျိုးရှီပါတယ်ဗျ။
ထို Second Interview တွင်တော့ Manager or Supervisor များက ထပ်မံ အင်တာဗျူးတာဖြစ်ပြီး အလုပ်အကြောင်းအသေးစိတ်တွေနှင့် မိမိလျှောက်ထား ရွေးချယ်ထားသော Professional Fields အပေါ် လုပ်ဆောင်ချက်၊ စွမ်းဆောင်ရည်များအကြောင်း အပြန် အလှန်ဆွေးနွေးခြင်းဖြစ်ပါတယ်။
4️⃣ Management Decision (ဆုံးဖြတ်ချက်ချမှတ်ခြင်း)
ထိုအဆင့်တွင် ကုမ္ပဏီရဲ့ Management Team မှ အလုပ်ခေါ်စာရဲ့ JD and JR နှင့် အကိုက်ညီဆုံးနှင့် အတူတွဲလုပ်ရမဲ့ သက်ဆိုင်ရာ Department ရဲ့ ဆုံးဖြတ်ချက် အခြေအနေများအပေါ် ရွေးချယ်ခြင်းဖြစ်ပါတယ်။
အလုပ်လျှောက်သူများအနေဖြင့် တစ်ခါတစ်လေ အကုန်ကိုက်ညီပါလျက်နဲ့ အကုန်ပြည့်စုံနေပါလျက်နဲ့ ရွေးချယ်မခံရတာမျိုး အင်တာဗျူး အခေါ်မခံရတာမျိုး ကြုံရနိုင်ပါတယ်။ ( တစ်ချို့သော ကုမ္ပဏီများက အလုပ်လျှောက်ထားသူသည် အရည်အချင်းတူနေရင်တောင် Location နဲ့ အသက်အရွယ်ကို ပိုပြီး ဦးစားပေးရွေးချယ်တာမျိုးရှိတာကြောင့် အင်တာဗျူး အခေါ်မခံရခြင်းနှင့် အလုပ်မရရှီခဲ့ခြင်းဟာ မိမိအရည်အချင်းကြောင့်မဟုတ်ဘဲ တစ်ခါတစ်လေ ထိုကုမ္ပဏီရဲ့ သတ်မှတ်ချက်ကြောင့်လဲဖြစ်နိုင်ပါတယ်ဗျ။
ဟုတ်ကဲ့ပါဗျ အဆုံးထိဖတ်ပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်ဗျ။ အင်တာဗျုးအောင်မြင်ဖို့ဆိုတာ မိမိကိုယ်ကို ယုံကြည်မှုအပြည့်ရှိခြင်း၊ လျှောက်ထားသည့် Position အပေါ် ရလိုသည့်စိတ်အားထက်သန်မှု ရှိခြင်း၊ စစကားပြောပြေပြစ်ခြင်း နှင့် ရှင်းလင်ပြတ်သားစွာ စကားပြောဆိုတတ်ခြင်း အဝတ်အစား သန့်ရှင်းသပ်ရပ်ခြင်း၊ လိုအပ်သော Document အစုံ အလင် ယူဆောင်သွားခြင်း စသောအချက်များက interview အောင်မြင်ဖို့အတွက် အထောက်အကူကောင်းများဖြစ်စေပါတယ်ဗျ
သင့်အနေနဲ့ ယုံကြည်စိတ်ချရသော Company တိုက်ရိုက် အလုပ်ကိုင်များကို JOIM Platform များမှတဆင့် စိတ်ချ ယုံကြည်စွာတိုက်ရိုက်ကြည့်ရှုလျှောက်ထားနိုင်ပြီဖြစ်ပါတယ်။
Share this Blog?