အလုပ်လျှောက်လွှာ အီးမေးလ်တစ်ခု ပရော်ဖက်ရှင်နယ်ဆန်ဆန်ရေးနိုင်ရန် သိထားသင့်သော အချက်များ . . . 📢

image
ယနေ့ခေတ်လို ပြိုင်ဆိုင်မှုများ‌နေချိန်မှာ သင့်ရဲ့ အလုပ်‌လျှောက်ထားရာတွင် CVs နှင့်အတူ Email ပေးပို့ လျှောက်ထားတဲ့အခါမှာ သင့် Emailက Formal မကျတာ၊ Information မပါတာမျိုးဆို အခြားလျှောက်ထားသူတွေထက် ရွေးချယ်ခံရနိုင်ချေ နည်းသွားနိုင်ပါတယ်။ 

သင့်Emailကို HR/အလုပ်ရှင်မှ မြင်တာနဲ့ သဘောကျပြီး သပ်သပ်ရပ်ရပ်လေးရေးနိုင်ချင်တယ်ဆိုရင်တော့ အသေးစိတ်ဖတ်ရှုနိုင်ပါတယ်။

ပရော်ဖက်ရှင်နယ် အလုပ်လျှောက်လွှာ အီးမေးလ်တစ်ခုမှာ သင့်ကို First Impression အရ အထင်ကြီးမှုကို ရရှိစေရန်  ထည့်သွင်းရေးသားသင့်သော အရေးကြီးသောအချက်များစွာ ရှိပါတယ်။

ပထမဆုံးကတော့ Email Title – Subject ကို တိုတိုတုတ်တုတ်နှင့် ရှင်းရှင်းလင်းလင်း ဖော်ပြထားဖို့အရေးကြီးပါတယ်။ အဲ့ဒီနောက် Email Text – Body မှာတော့ သင့်အကြောင်းမိတ်ဆက်ခြင်းနှင့် အလုပ်လျှောက်ထားရသည့်အကြောင်းအရာကို ရေးသားရပါမယ်။ ဒါ့အပြင် သင့်အရည်အချင်း၊ အတွေ့အကြုံ များက လျှောက်ထားသောအလုပ် လိုအပ်ချက်များဖြင့် ကိုက်ညီလိုက်လျောညီထွေရှိပုံနှင့် ကုမ္ပဏီ၏ အောင်မြင်မှုအတွက် သင်မည်သို့မည်ပုံ ပါဝင်ကူညီနိုင်ပုံကို ထည့်သွင်းရေးသားဖို့ လိုအပ်ပါတယ်။

နောက်ဆုံးမှာတော့ သင်၏နာမည်အပြည့်အစုံဖြင့် "Sincerely" or "Best regards," ကဲ့သို့သော ပရော်ဖက်ရှင်နယ် နိဂုံးချုပ်ဖြင့် အီးမေးလ်ကို အဆုံးသတ်ပေးပါ။ အလုပ်လျှောက်လွှာတစ်ခုစီအတွက် သင့်အီးမေးလ်ကို သေချာပြင်ဆင်ပြီး မပေးပို့မီ ဂရုတစိုက်ဖတ်ပါ။
အခြားအသေးစိတ် အကြောင်းအရာများကို သက်ဆိုင်ရာပုံများအောက်မှာ လေ့လာဖတ်ရှုနိုင်ပါတယ်။

7lfDJf0.png

Email Address Bar အကြောင်း ➡️ အီးမေးလ်ဖြည့်ရသော အကွက်များသည် သင့်အီးမေးလ်ပို့ရာတွင် သင့်အီးမေးလ်သည် မည်သူအတွက်ဖြစ်တယ် အခြားမည်သူက လက်ခံမလဲကို ရှင်းရှင်းလင်းလင်း သိမြင်စေဖို့ဖြစ်ပါတယ်။

“From” - အကွက်သည် သင့်(ပေးပို့သူ)၏ အီးမေးလ်လိပ်စာကို ဖော်ပြသည့်နေရာဖြစ်ပါတယ်။

“To” - အကွက်သည် သင့်အီးမေးလ်မက်ဆေ့ချ်၏ ပင်မလက်ခံသူ၏ အီးမေးလ်လိပ်စာကို ထည့်သွင်းသည့်နေရာဖြစ်ပါတယ်။

“Cc” - အကွက်သည် "Carbon Copy" ကို ကိုယ်စားပြုပြီး အီးမေးလ်မက်ဆေ့ချ်အား အပိုလက်ခံသူများကို ပေါင်းထည့်ရန်အတွက် အသုံးပြုပါတယ်။

“Bcc” - အကွက်သည် "Blind Carbon Copy" ကို ကိုယ်စားပြုပြီး "Cc" အကွက်နှင့် ဆင်တူသည်။ သို့သော် “Bcc” အကွက်တွင် ထည့်သွင်းထားသော အီးမေးလ်လိပ်စာများကို အခြားအီးမေးလ်လက်ခံသူအားလုံးမှ မြင်နိုင်မည် မဟုတ်ပါ။ “Bcc” သည်လူအများကို အီးမေးလ်တစ်စောင်တစ်ကြိမ်ထဲ ပေးပို့ချင်ပြီး အခြားလက်ခံသူအားလုံးမှ မသိစေဘဲ ပေးပို့ခြင်းအတွက် အသုံးဝင်ပါတယ်။

Xe4Di9I.png

Email Subject Line အကြောင်း ➡️ အလုပ်လျှောက်တဲ့အချိန်မှာ Email Subjectက ပင်မအရေးကြီး သတိထားရမည့်နေရာဖြစ်ပါတယ် သင်လျှောက်ထားသည့်ရာထူးနှင့် သင့်အမည်ကို Subject Lineတွင်ထည့်သွင်း ရေးသားရမည်။ ဒါမှသာ HR/ Company က မည့်သည်ရာထူးPositionကို လျှောက်ထားလည်း သိရှိစေရန် ကူညီပေးနိုင်ပြီး သင်၏လျှောက်လွှာကို သင့်လျော်သောလူထံသို့ ညွှန်ကြားထားကြောင်း သေချာစေမည်ဖြစ်ပါသည်။

ဥပမာ -

➡️ Job Application: [Position Title] - [Your Name]

➡️ Experienced [Job Title] Seeking [Position Title]

➡️ Application for [Position Title] - [Your Name]

➡️ [Your Name] Applying for [Position Title] – Job ID: 123456

➡️ [Position Title] Application - [Your Name]

GqONSLf.png


Email Message (Body) အကြောင်း ➡️ Email အစတွင် နှုတ်ခွန်းဆက်စကားဖြင့် စတင်ပြီး လက်ခံမည့်သူ HR/လုပ်ငန်းရှင်ကို လိပ်မူရေးသားပါ။ Example ➡️ "Dear [Hiring Manager's Name]" or "To Whom It May Concern." ထို့နောက် သင့်ကိုယ်သင် အကျဉ်းချုံးမိတ်ဆက်ပြီး သင်ဘယ်ရာထူးအတွက်လျှောက် ထားနေကြောင်း ဖော်ပြပါ။ ဖြစ်နိုင်လျှင် Position Titleနှင့် Job ID ကို ထည့်သွင်းရေးသားပါ။ သင်၏သက်ဆိုင်ရာအရည်အချင်းများနှင့် အတွေ့အကြုံများကို ဖော်ပြရေးသားပြီး အလုပ်အတွက် ရာထူးနှင့်သင့်လျော်ကြောင်း အကြောင်းရင်းကို သက်သေပြသော ကျွမ်းကျင်မှုနှင့် အောင်မြင်မှုများ မဖြစ် မနေဖော်ပြရေးသားပေးပါ။ ကုမ္ပဏီအပေါ် သင့်စိတ်ဝင်စားမှုကို ဖော်ပြပြီး အခွင့်အလမ်းအတွက် ဘယ်လို စိတ်လှုပ်ရှားနေကြောင်း ထည့်သွင်းရေးသားနိုင်ပါတယ်။ သင့်အားဆက်သွယ်နိုင်ဖို့ အချက်အလက်ကို ဖြည့်သွင်းပြီး သင့်လျှောက်လွှာကို ဆက်လက် ဆွေးနွေးရန် HR/CVsလက်ခံသူကို ပြန်လည်ဆက်သွယ်ရန် ဖိတ်ခေါ်ရေးသားပါ။ ပရော်ဖက်ရှင်နယ် နိဂုံးချုပ်ကို သုံးပါ "Sincerely" or "Best regards," ကဲ့သို့သော ပရော်ဖက်ရှင်နယ် နိဂုံးချုပ်ဖြင့် သင့်အီးမေးလ်ကို အဆုံးသတ်ပါ။ ➡️ Email Sample (Sale & Customer Service) Subject: Job Application for the {Position} Position – {Your Name} Dear {Hiring Manager's Name}, My name is {Your Name} and I am applying for the position of {position name}. I believe that my qualifications and experience make me an ideal candidate for this role. I have over 5 years of experience in sales and customer service, along with proven success in leading projects from start to finish. My skills include problem-solving, communication, and resource management. Most recently I was able to successfully increase sales by 20% within 3 months of joining a new company. In addition, I am highly motivated and have the ability to work both independently and as part of a team. My excellent communication skills allow me to effectively collaborate with colleagues and customers alike. Finally, I have proven problem-solving abilities which enable me to quickly identify solutions to challenges faced by the organization. I’ve attached my resume and would be happy to discuss further. Please don't hesitate to contact me at {contact number} or via email at {email address}. Thank you for your time and consideration. Sincerely, {Your Name}


------------------------------------------------------------------------------------------


အလုပ်အကိုင်အခွင့်အလမ်းများ အဆင်ပြေပါစေဗျ....

Email မသုံးဖူးသူများလည်း Email အသစ်ဖွင့်နည်းကို တင်ဆက်ပေးထားပြီးဖြစ်လို့ အောက်ကLink ကနေ လေ့လာနိုင်ပါတယ်။
>>>> https://bit.ly/KS_email



Share this Blog?