Free Course တွေကို အခမဲ့လေ့လာကြမယ်..📢
Free Course တွေကို အခမဲ့လေ့လာကြမယ်..📢
အရှိန်အဟုန်နဲ့ ပြောင်းလဲနေတဲ့ခေတ်ကြီးမှာ နောက်ကျမကျန်ခဲ့စေဖို့အတွက် မိမိရဲ့ Personal skill တွေကို အမြဲမြှင့်တင်နေဖို့လိုအပ်ပါတယ် ... ဒါပေမယ့် သင်တန်းတွေသွားတက်ဖို့အခက်ရှိလို့ မလေ့လာနိုင်တာတွေ... ခက်ခဲတဲ့ ကာလတစ်ခုမှာ သင်တန်းကြေးတွေအတွက် အခက်အခဲလေးတွေရှိလို့မလေ့လာဖြစ်တဲ့ JOIM ကအလုပ်ရှာသူလေးတွေအတွက် ဒီပိတ်ရက်လေးမှာတော့ မိမိရဲ့ personal Skill တွေမြှင့်တင်လို့ရမယ့်နေရာလေးတွေအကြောင်း ဝေမျှပေးသွားမှာပဲ ဖြစ်ပါတယ် ...✨✨
1️⃣ LinkedIn Learning
LinkedIn Learning မှာတော့ သက်ဆိုင်ရာလုပ်ငန်းကျွမ်းကျင်တဲ့ professional တွေသင်ကြားပို့ချပေးသည့် course တွေအများကြီးကို တစ်စုတစ်စည်းကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။ ဒီ platform ကနေ professional skills, technology, business, communication skill, Leadership skill စသော သင်ယူစရာတွေ အများကြီးကို လေ့လာနိုင်ပါတယ်။ course ကို ပြီးမြောက်သွားတဲ့ အခါမှာလည်း certifiacte တွေရယူနိုင်ပါတယ်။
2️⃣ Coursera
Self-Study သမားတွေကြားထဲ ရေပန်းစားတဲ့ platform ဖြစ်တဲ့ Coursera မှာတော့ ကမ္ဘာ့ ထိပ်တန်းတက္ကသိုလ်များနှင့် အဖွဲ့အစည်းများက ပို့ချပေးတဲ့ Course တွေကို လေ့လာနိုင်တာပဲဖြစ်ပါတယ်။ Coursera က free ပေးတဲ့ course တွေရှိသလို အချိန်နဲ့ free ရတဲ့ course တွေ ရှိပါတယ်။ certificate ရယူချင်ရင်တော့ ပိုက်ဆံပေးရပါတယ်။ Essay ရေးပြီးတော့လည်း Certificate free ရနိုင်ပါတယ်။ Certificate မယူပဲ free course တွေကိုလေ့လာနိုင်တာကြောင့် တော်တော်အဆင်ပြေတဲ့ platform လေးပဲဖြစ်ပါတယ် ...
3️⃣ Udemy
Udemy မှာဆိုရင်လည်း နယ်ပယ်အသီးသီးတွင် free and paid course တွေ အများကြီး လေ့လာနိုင်ပါတယ်။ programming, digital marketing, graphic design နဲ့ project management အစရှိတဲ့ လုပ်ငန်းခွင်လိုအပ်တဲ့ skill တွေအများကြီး လေ့လာလို့ရတဲ့ နေရာတစ်ခုပဲ ဖြစ်ပါတယ်။
4️⃣ HubSpot Academy
Digital Marketing, Sales & Customer Service တွေကိုစိတ်ဝင်စားတဲ့သူဆိုရင် HubSpot Academy က တစ်ကယ်ကို အဆင်ပြေတဲ့ Platform လေးဖြစ်ပါတယ်။ inbound marketing, content creation, marketing စသော course တွေကို တစ်နေရာထဲကနေ လေ့လာနိုင်မှာပဲဖြစ်ပါတယ်။
5️⃣ Alison
Alison ကလည်း free course တွေ အများကြီးပေးထားတဲ့ websiteတစ်ခုဖြစ်ပြီး coursera လိုပဲ certificate လိုချင်ရင်တော့ ပိုက်ဆံပေးရပါမယ်။
6️⃣ Edx
edX မှာတော့ စီးပွားရေး၊ ကွန်ပျူတာသိပ္ပံနှင့် အင်ဂျင်နီယာအပါအဝင် နယ်ပယ်အသီးသီးရှိ ထိပ်တန်းတက္ကသိုလ်များမှ အခမဲ့သင်တန်းများကို လေ့လာနိုင်ပါတယ်။ Harvard နဲ့ MIT က Course တွေသင်ကြားနိုင်တာမလို့ အလွန်ကောင်းမွန်တဲ့ Course တွေနဲ့ Lecture တွေကို Free သင်ယူခွင့်ရမှာ ဖြစ်ပါတယ်။
7️⃣ Codecademy
Coding and web developmentကို စိတ်ဝင်စားတဲ့ သူတွေအတွက် Codecademy က အလွန်ကောင်းမွန်တဲ့ ပလပ်ဖောင်းတစ်ခုဖြစ်ပါတယ်။ HTML, CSS, and JavaScript တွေကို interactive lessons and hands-on projects နဲ့အတူလေ့လာနိုင်မှာပဲ ဖြစ်ပါတယ်။
8️⃣ Microsoft လေ့လာရန်
Cloud computing, data science, artificial intelligence စသော course များအပြင် ပရော်ဖက်ရှင်နယ်လောကတွင် အလွန်တန်ဖိုးရှိတဲ့ Microsoft ရဲ့ technologies and tools တွေကို ပါလေ့လာနိုင်မှာပဲဖြစ်ပါတယ်။
9️⃣ Google Digital Garage
Online marketing, search engine optimization (SEO), social media, and data analytics စတဲ့ Digital Skill တွေ ကို အမိုက်စား visual တွေနဲ့ လေ့လာနိုင်မှာပဲဖြစ်ပါတယ်။
🔟 YouTube
အားလုံးသိကြတဲ့ free လေ့လာလို့ရတဲ့ နေရာလေးပဲဖြစ်ပါတယ်။ တစ်ခုရှိတာက တစ်စိုက်မတ်မတ်တဲ့ course လိုမျိုးလေ့လာဖို့အတွက် သေချာရှာဖွေဖို့တဲ့ မိမိ လေ့လာနေတဲ့ learning video တွေအပြင် entertainment video တွေပါရှိနေတာဖြစ်တဲ့အတွက် သမာဓိကောင်းကောင်းနဲ့လေ့လာနိုင်တဲ့သူတွေအတွက်ပဲ ပိုသင့်တော်မယ်လို့ထင်ပါတယ်။
ဒါတွေကတော့ မိမိရဲ့ အိမ်မှာပဲနေပြီး phone (or) Laptop လေးတွေနဲ့လေ့လာလို့ရမယ့် free platform လေးတွေပဲဖြစ်ပါတယ်..
course တွေအကုန်လုံးက English language နဲ့ပဲလေ့လာလို့ရတာမလို့ professional skill တွေအပြင် English language skill ပါတိုးလာနိုင်တဲ့ အားသာချက်ပါရှိပါတယ်...✨
Freedom ကျကျ Free Course တွေလေ့လာပြီး မိမိရောက်ချင်တဲ့ Career Goal ကို အမြန်ဆုံးရောက်ပါစေဗျ...🔹
-----------------
-----------------
အလုပ်တစ်ခုရဖိုအတွက် မည်သည့်အခကြေးငွေမှ မကုန်ဘဲ JOIM Website ကနေ ကုမ္ပဏီတိုက်ရိုက်လျှောက်ထားနိုင်ပြီနော်. . . 📢
✓ 𝗝𝗢𝗜𝗠 𝗪𝗲𝗯𝘀𝗶𝘁𝗲
Share this Blog?