JOIM Platform ပေါ်ကနေအလုပ်ဘယ်လိုလျှောက်ရမလဲ . . . ❓

image
ကုမ္ပဏီတိုက်ရိုက်အလုပ်အကိုင်များ JOIM Platform ပေါ်ကနေ တိုက်ရိုက်ပေးပို့ လျှောက်ထားလို့ရနေပါပြီ..  📢

🎖 JOIM ကတော့ မြန်မာနိုင်ငံရဲ့  ထိပ်တန်းကုမ္ပဏီများ 600+ မှတိုက်ရိုက်ခေါ်ယူနေသော အလုပ်ခေါ်စာများကို JOIM Platforms တွေကနေတဆင့် အလုပ်ရှာသူတွေဆီ မျှဝေပေးနေသော " Company Direct Job Sharing Platform" ဖြစ်ပါတယ်။
ဒါ့ ကြောင့်  အလုပ်ရှာသူများအနေဖြင့် မိမိတို့ရဲ့ CV form များကို လျှောက်ထားလိုတဲ့ company ရဲ့ Email or Viber ကို တိုက်ရိုက်ပေးပို့‌လျှောက်ထားရမှာပဲဖြစ်ပါတယ်..

JOIM Platform ပေါ်ကနေအလုပ်ဘယ်လိုလျှောက်ရမလဲ . . . ❓

1️⃣ အရင်ဆုံး မိမိလျှောက်ထားလိုတဲ့အလုပ်တွေရှာဖွေဖို့အတွက် JOIM Website ( www.joimyanmar.com ) သို့မဟုတ် JOIM Social Platform တွေကို ဝင်ရောက်ပေးပါ။

2️⃣ မိမိလျှောက်ထားလိုတဲ့ အလုပ်ခေါ်စာကိုတွေပြီဆိုရင် သက်ဆိုင်ရာအလုပ်ခေါ်စာရဲ့ Link ကို နှိပ်ပြီး Job Description ကို ဖတ်ရှုပေးပါ။

3️⃣ Job Descriptionကို အသေးစိတ်ဖတ်ရှုပြီး မိမိနှင့်ကိုက်ညီမှုရှိပါက အလုပ်ခေါ်စာအောက်ဆုံးတွင်ရှိသော "Apply Now" Button လေးကိုနှိပ်ပေးပါ။ 

4️⃣ လျှောက်ထားရမယ့် company ရဲ့ Email, Viber ပါဝင်သော Box လေးကျလာမှာဖြစ်ပြီး box အတွင်းမှ company ရဲ့ email, viber number များကို click နှိပ်ပြီးသော်လည်းကောင်း၊ copy ယူပြီးသော်လည်းကောင်း company တိုက်ရိုက်လျှောက်ထားနိုင်မှာပဲ ဖြစ်ပါတယ်။

အလုပ်အကိုင်အခွင့်အလမ်းများ အမြန်ဆုံးအဆင်ပြေကြပါစေဗျ..✨✨


Share this Blog?