တိုးတက်ပြောင်းလဲလာသောနည်းပညာ နှင့် အသုံးဝင်သော AI များအကြောင်း 📢

image
ပထမဆုံး AI Languageလို့ ပြောလိုက်ပြီဆိုတာနဲ့ လူတော်တော်များများက ChatGPT ကိုဘဲ မြင်ကြပါလိမ့်မယ်။ AI Assistance တွေက ခု2020 - 2022မှ ပေါ်လာတာတော့ မဟုတ်ပါဘူး။ 

Apple's Siri, Google Assistance, Amozon's Alexa တွေက Virtual Assistance အဖြင့် ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ တစ်ဖက်တစ်လမ်းက ကူညီပေးခဲ့ကြတာကို သတိထားမိကြမှာပါ။

AI Technologyတွေ တိုးတက်ဖွံဖြိုးလာနေတဲ့ အချိန်မှာ ကျွန်တော်တို့တွေ အနေနဲ့ နေ့စဉ် လုပ်ငန်းဆောင်တာတွေမှာ AIကို အကျိူးရှိရှိ အသုံးချနိုင်ဖို့ နည်းလမ်းများကို ဗဟုသုတရရှိနိုင်ဖို့ JOIM မှ တင်ဆက်ပေးလိုက်ပါတယ်။

CatGPT ➡️ သုံးစွဲသူရဲ့ တောင်းဆိုသော အခက်အခဲများကို အမေးအဖြေလုပ်နိုင်ခြင်း၊  ပုံပြင်များ၊ ကဗျာများနှင့် စိတ်ကြိုက်စာသားများ တီထွင်ဖန်တီးခိုင်းနိုင်ခြင်း၊ Coding, Project, Proble-Solving, Formulaများကို အကြံပြုကူညီဖြေရှင်းပေးနိုင်ပါတယ်။
https://chat.openai.com

Compose AI ➡️ ရုံးတွင်း လုပ်ငန်းတွင်း Email အပို့များတဲ့ သူတွေအတွက် အရမ်းအသုံးဝင်ပါတယ် Email Messageရေးဖို့ ဘယ်ကစရေးရမလဲ စဉ်းစားရခက်နေရင် ခေါင်းစဉ် Subject ပေးလိုက်ရုံနဲ့ AI နဲ့ Formatကျအောင် ကူညီရေးသားပေးမှာဘဲဖြစ်ပါတယ်။
https://www.compose.ai

Beautiful AI ➡️ ကျောင်းသား/သူဘဝကစပြီး လုပ်ငန်းခွင်ထဲ, လုပ်ငန်းရှင်ဖြစ်သည့်အထိ Report, Operation, Business Presentationတွကိုတော့ ပြင်ရဆဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ PowerPoint Slideက ရှင်းလင်းပြတ်သားပြီး ရိုးရိုးDesign တွေကနေ ထူးခြားကွဲပြားနေမှသာ တစ်ဖက်လူရဲ့ Impression တစ်ခုကို ရရှိနိုင်မှာဘဲဖြစ်ပါတယ် Layout, Theme, Slideတွေအပြင် Image, Data, Chart, Diagram, Timeline, Comparison တွေကို အစုံတစ်နေရာထဲမှာ လုပ်နိုင်ဖို့ဆို Beautiful Ai က ကူညီပေးနိုင်ပါလိမ့်မယ်။
https://www.beautiful.ai

SnapEdit ➡️ SnapEdit ကတော့ AIနဲ့ ဓာတ်ပုံတွေကို မလိုတဲ့ Object ဖျောက်မလား? Quality ကျနေတာကို Enhanceလုပ်မလား? Background ဖယ်ချင်လား? မျိူးစုံကိုလွယ်လွယ်ကူကူလုပ်နိုင်မှာဘဲဖြစ်ပါတယ်။
https://snapedit.app

Browse AI ➡️ ဒီ AI လေးကတော့ ဘယ် Website ကနေဘဲဖြစ်ဖြစ် Data Extraction, Monitoring ကို Coding, Query Fomulaတွေမလိုအပ်ဘဲ အလွယ်တကူ Data Output လုပ်နိုင်မဲ့ Bot Website ဖြစ်ပါတယ်။ သာမာန် User တွေ အနေနဲ့ Shopping Website, Trading Website, Jobs Website တွေကို အမြဲစောင့်ကြည့်စရာမလိုဘဲ Scheduled Run ထားရုံနဲ့ Information Update တွေကို ရယူနိုင်မှာပါ။ Data Science/ Analytics သမားတွေအတွက်တော့ ပိုအသုံးဝင်ပါတယ်။
https://www.browse.ai

---------------------

JOIMရဲ့ စာဖတ်ပရိသတ်တွေရော ဘယ်လို AI Technologiesတွေကို သိလည်း အသုံးပြုနေလည်းကို Comment မှာ အခြားစာဖတ်ပရိသတ်တွေ သိအောင်မျှဝေပေးဖို့ တောင်းဆိုလိုက်ပါတယ်။

#JOIMyanmar
#JOIM_Knowledge_Sharing
#JOIM_AI_Tips

Share this Blog?