အင်တာဗျူးချိန်းဆိုခံရပါက သွားရောက်ဖြေဆိုသင့်ပါတယ် ❗

image
အင်တာဗျူးပါဖို့နှင့် ချိန်းဆိုခံရဖို့ ဘယ်လိုတွေရွေးချယ်ကြရတာလဲ❓ အင်တာဗျူးတစ်ခုခေါ်ဆိုခြင်းခံဖို့ဆိုတာ မလွယ်လှပါဘူး အလုပ်ခေါ်စာတစ်ခုကိုလျှောက်ထားသူအများကြီးတွေထဲက အရည်အချင်းတူတဲ့သူတွေဆို ပိုပြီးတော့ ရွေးချယ်ခံရတာခက်ခဲပါတယ် ထိုလျှောက်ထားသူများထဲက အကိုက်ညီဆုံးသူများကို အင်တာဗျူးအတွက်ချိန်းဆိုကြပါတယ်။

အင်တာဗျူးချိန်းဆိုတိုင်းသွားရောက်ဖြေဆိုသင့်လား❓ အလုပ်ရသွားရင်ဖြစ်စေ၊ အင်တာဗျူး ချိန်းဆိုတဲ့ရက်က တကယ်မအားလပ်ရင်ဖြစ်စေ၊ အင်တာဗျူးကုမ္ပဏီကပေးသော Salary Range လေးတွေနဲ့ Location က မိမိအတွက်တကယ်အဆင်မပြေရင်ဖြစ်စေ  လေးစားမှုရှိစွာ လာရောက်မဖြေဆိုနိုင်ကြောင်း ကြိုတင်ဖုန်းဆက်အကြောင်းကြား ငြင်းနိုင်ပါတယ်။

အင်တာဗျူးလာရောက်ဖြေဆိုဖို့အတွက် ကုမ္ပဏီဘက်က မေးမြန်းတဲ့အချိန်မှာ ဖြေဆိုဖို့ သဘောတူပြီးပြီးဆိုရင်တော့ အတတ်နိုင်ဆုံး သွားရောက်ဖြေဆိုသင့်ပါတယ် ဘာကြောင့်လဲ ❓ကုမ္ပဏီများက အလုပ်လျှောက်ထားသူများထဲက အကိုက်ညီဆုံးသူများသာ ချိန်းဆိုတာဖြစ်ပါတယ် ဒါကြောင့် မိမိမ‌ဖြေဆိုနိုင်ပါက ကုမ္ပဏီဘက်က တစ်ခြားသူများကို ရွေးချယ်လို့ရတာကြောင့် တစ်ခြားသူများအတွက် အခွင့်အရေးတစ်ခုဖြစ်သွားစေနိုင်တာကြောင့် သင့်ကြောင့် တကယ်အလုပ်လိုအပ်နေတဲ့ တစ်ခြားသူတစ်ယောက်ရဲ့အခွင့်ရေးဟာ ဆုံးရှုံးသွားနိုင်ပါတယ်။

လုပ်ငန်းခွင်တစ်ခုမှာ တစ်ခြားလူရဲ့ အချိန်‌ဟာ တန်ဖိုးကြီးလှပါတယ် ဒါကြောင့် အင်တာဗျူးချိန်းဆိုခံရရင်လဲ သွားရောက်ဖြေဆိုသင့်သလို ချိန်းဆိုမခံရပါကလဲ တစ်ခြားသူများအတွက် အခွင့်အရေးတစ်ခုဖြစ်စေနိုင်တာကြောင့် တစ်ဦးနဲ့တစ်ဦး ကိုယ်ချင်းစာစိတ်ဖြင့်  Company ၊ မိမိနဲ့ တစ်ခြားသူများအတွက် အချင်းချင်းအပြန်အလှန် လေးစားသောစိတ်ဖြင့် ကောင်းမွန်သော အလေ့ကျင့်တစ်ခုကိုမွေးမြူနိုင်ကြပါစေကြောင်း ဝေမျှပေးလိုက်ပါတယ်။

အလုပ်မရသေးသူများလဲအလုပ်အကိုင်များမြန်မြန်ရကြပါစေဗျ အင်တာဗျူးတွေလဲအမြန်ဆုံးချိန်းဆိုခံရပါစေဗျလို့ JOIM မှ ဆုမွန်တောင်းပေးပါတယ်ဗျ 💎✨

Share this Blog?