📢 အလုပ်လျှောက်လွှာအတွက် Resume / CV From သပ်သပ်ရပ်ရပ် လုပ်ဖို့ အကောင်းဆုံး Platformsများ📝

image
အလုပ်လျှောက်ဖို့ CV Form ကောင်းကောင်းတစ်ခု မရှိဘူးလား❓ ရှိတဲ့ CV Formကလည်း အချက်အလက်မပြည့်စုံတော့ဘူးလား❔ အသစ်ပြန်လုပ်ချင်တာ Computer မရှိလို့ လုပ်မရဖြစ်နေတာလား❓

ဒါဆိုရင်တော့ အခုဘဲ မြန်မြန်ဆန်ဆန်နဲ့ လှပတဲ့ CV Form တွေကို အောက်ဖော်ပြပါ ကြိုက်နှစ်သက်ရာ Websitesတွေကနေ Free ပြုလုပ်နိုင်ပါပြီ 👇

1. Novoresume
ရွေးချယ်စရာTemplate ပေါင်းများစွာနဲ့အတူ Resume Format, CV Format အပြင် Cover Letterပါတစ်ခါထဲ အလွယ်တကူဖန်တီးနိုင်တဲ့ Platform တစ်ခုဖြစ်ပါတယ်။

2. Resumonk
Accountတွေထပ်မဖွင့်ဘဲ CV Form တစ်ခု အမြန်ဖန်တီးချင်တယ် အချိန်လည်းမပေးချင်ဘူး ဆိုရင် LinkedIn Profile တစ်ခုရှိရုံနဲ့ Profile Linkဖြင့် ချက်ချင်း CV Formကို ချက်ချင်းပြုလုပ်ပေးမှာဘဲ ဖြစ်ပါတယ်။ ပြင်ဆင်ချင်တဲ့ အချက်အလက်ကိုလည်း ပြန်လည်ပြင်ဆင်နိုင်ပြီး Download ရယူနိုင်မှာပါ။

3. Resume.com
Resume နဲ့ Cover Letter ဖန်တီးချင်ပေမဲ့ ဘယ်ကစလုပ်ရမလဲကို မသိတဲ့သူတွေအတွက် Resume.comမှာ Tips, Exampleတွေကို ဖော်ပြပေးထားလို့ အလွယ်တကူ ဖြည့်စွက်ပြီး သပ်ရပ်ရှင်းလင်းစွာ ပြုလုပ်နိုင်မှာဘဲ ဖြစ်ပါတယ်။

4. Canva
Online Templateတွေကို အားမရသူတွေအတွက် ကိုယ်ပိုင်း Designနဲ့ ပြလုပ်ချင်သူတွေအတွက် စိတ်ကြိုက်ပြုလုပ်နိုင်မှာဘဲ ဖြစ်ပါတယ်။
Pre-Build Design ပေါင်းများစွာကို Customize ပြန်လည်ဖန်တီးနိုင်မှာဘဲဖြစ်ပါတယ်။

5. Google Docs
မိမိ CV ကို အခြားသူတွေနဲ့ လုံးဝမတူဘဲ သီးသန့်ဖန်တီးပြီး အချက်အလက်တွေကို အချိန်မရွေး ပြင်ဆင်ချင်ရင်တော့ Google Services ဖြစ်တဲ့ Document မှာ ဖန်တီးနိုင်ပါတယ်။
Header, Footer, Table, Block, Barchart, Piechart တွေနဲ့ ဖန်တီးပြုလုပ်နိုင်ပါတယ်။

#JOIM
#JOIM_Knowlwdge_Sharing
#JOIM_Tech

Share this Blog?