လုပ်စရာအလုပ်တွေသာများပြီး ဘာကိုမှမပြီးပြတ်ဘဲဖြစ်နေပြီလား...❓
နေ့စဉ်လုပ်ငန်းခွင်ထဲမှာဖြစ်ဖြစ်၊ Personal life မှာပဲဖြစ်ဖြစ် မိမိတို့လုပ်ဆောင်ရမယ့်တာဝန်တွေ လုပ်စရာအလုပ်တွေများလာတဲ့အချိန်မှာ ဘယ်ကစလုပ်ရမှန်မသိတာတွေ၊ ဟိုနည်းနည်းဒီနည်းနည်းနဲ့ ဘာမှမပြီးပြတ်ဘဲ လုပ်စရာအလုပ်တွေသာတောင်လိုပုံလာတဲ့ အခြေအနေတွေ ကြုံတွေလာရတတ်ပါတယ်...
အလုပ်တွေမပြီးတဲ့အခါ အထက်ကဆူတာတွေ၊ အလုပ်ကများလားလို့ အလုပ် Stress ပိတာတွေကြောင့် မိမိရဲ့ mental health ကို ထိခိုက်စေနိုင်ပါတယ်...✨
ဒီလိုအခက်အခဲတွေကို ကျော်ဖြတ်နိုင်ဖို့ဆိုရင်တော့ မိမိတို့ပိုင်ဆိုင်ထားတဲ့အချိန်နဲ့လုပ်ရမယ့်အလုပ်တွေကို စနစ်တကျစီမံခန့်ခွဲပြီး လုပ်ဆောင်ဖို့လိုအပ်ပါတယ်...ဒါကြောင့် ဒီနေ့မှာတော့ မိမိလုပ်ရမယ်အလုပ်တွေ ဘယ်လိုခွဲပြီးလုပ်ဆောင်ရမလဲဆိုတာကို Urgent Important Matrix လေးအသုံးပြုပြီး sharing လုပ်ပေးသွားမှာပဲဖြစ်ပါတယ်...
အရင်ဆုံးမိမိလုပ်ဆောင်ရမယ့်အလုပ်တွေကို အမျိုးအစား (၄)မျိုးခွဲခြမ်းရမှာပဲဖြစ်ပါတယ်..✨
1️⃣ အရေးကြီးပြီး၊ ချက်ချင်းလုပ်ဆောင်ရမည့်အလုပ်များ ( Important/ Urgent )
2️⃣ အရေးကြီးပြီး၊ အလျှင်မလိုသောအလုပ်များ ( Important/ Not Urgent )
3️⃣ အရေးမကြီး၊ ချက်ချင်းလုပ်ဆောင်ရမည့်အလုပ်များ (Not Important/ Urgent)
4️⃣ အရေးလည်းမကြီး၊ အလျှင်လည်းမလိုသောအလုပ်များ (Not Important/ Not Urgent)
1️⃣ Important/ Urgent = Do First
အရေးလည်းကြီးပြီး ခုချက်ချင်းပြီးဖို့လိုနေပြီဆိုတဲ့အလုပ်တွေစနစ်တကျ Listထုတ်ပြီး သေချာအထူးဂရုစိုက်ပြီး အရင်ဆုံးပြီးအောင်လုပ်ရမှာ ဖြစ်ပါတယ်။ ဒီအလုပ်မျိုးဆိုရင် အခြားလုပ်စရာတွေထက် ပထမဦးစားပေးအနေနဲ့ သေချာလုပ်ရမှာဖြစ်ပါတယ်။
2️⃣ Important/ Not Urgent = Plan
အရေးကြီးပေမယ့် ချက်ချင်းလုပ်ဆောင်ဖို့ မလိုသေးတဲ့ အလုပ်တွေကိုတော့ ချက်ချင်းမလုပ်သေးဘဲ ဒုတိယဦးစာပေးအနေနဲ့ထားပြီး နောက်လုပ်ရမယ့် plan ထဲမှာထည့်သွင်းပြီး လုပ်ဆောင်ရမှာပဲဖြစ်ပါတယ်။ ဒီအမျိုးအစားထဲမှာပါတဲ့ အလုပ်တွေက အခုချက်ချင်းလုပ်ဆောင်ရန်မလိုသေးပေမယ့် နောက်ကျရင် Urgent လုပ်စရာစာရင်းထဲရောက်လာနိုင်တာမလို့ ပထမဦးစားပေးအလုပ်တွေပြီးတာနဲ့ ချက်ချင်းလုပ်ဆောင်ဖို့လိုအပ်ပါတယ်။
3️⃣ Not Important/ Urgent = Delegate
ဒီအမျိုးအစားထဲကအလုပ်တွေကတော့ အရေးတော့မကြီးဘူး ဒါပေမယ်အခုမြန်မြန်လုပ်ရမယ့် အလုပ်တွေဖြစ်ပါတယ်။ဒီလိုအလုပ်မျိုးဆိုရင်တော့ မိမိကိုယ်တိုင်လုပ်ဖို့မလိုအပ်ရင် မိမိရဲ့တွဲဖက်(သို့မဟုတ်)အောက်ကဝန်ထမ်းကို လွှဲပေးပြီးလုပ်ဆောင်ခိုင်းတာပိုအဆင်ပြေပါတယ်။ ဒါမှမဟုတ် နောက်မှလုပ်လို့ရမရ ညှိနှိုင်းပြီး နောက်မှလုပ်လို့ရရင်တော့ တတိယဦးစားပေးအနေနဲ့ လုပ်ရမှာဖြစ်ပါတယ်။
4️⃣ Not Important/ Not Urgent = Eliminate
အရေးလည်းမကြီးဘူး၊ အခုချက်ချင်းလည်း လုပ်ဖို့မလိုဘူးဆိုတဲ့အလုပ်တွေဆိုရင်တော့ ငြင်းဆိုလို့ရရင်ငြင်းဆိုလိုက် တာပိုကောင်းပါတယ်။ ငြင်းလို့လဲမရရင်တော့မလုပ်သေးပဲ ခဏထားထားပြီးနောက်ဆုံးမှလုပ်ဆောင်လိုက်ပါဗျ...
အထက်ပါနည်းလမ်းတွေကတော့ အလုပ်တွေနဲ့ မိမိရဲ့အချိန်ကို စနစ်တကျ အသုံးချနည်းတွေပဲဖြစ်ပါတယ်...
လူတိုင်းမှာ အချိန်ဆိုတာ24 နာရီပဲရတဲ့အတွက် အလုပ်တွေအများကြီးကို မနိုင်ဝန်မထမ်းမိစေဖို့နဲ့ အရေးမကြီးတဲ့ အရာတွေကို ငြင်းဆိုတတ်ဖို့ လိုအပ်ပါတယ်....
JOIM Supporter လေးများအားလုံး ဖြစ်ချင်သောအိမ်မက်ပန်းတိုင်တွေဆီ အချိန်တိုတွင်းရောက်ရှိကြပါစေဗျ....🤩✨
Share this Blog?