အလုပ်ရှာဖွေသူများအတွက် Online Candidate Profileတစ်ခုက ဘာကြောင့်လိုအပ်တာလဲ❓

image
ယနေ့ခေတ်လို ဒစ်ဂျစ်တယ်/အွန်လိုင်းမှတစ်ဆင့် တိုက်ရိုက်အလုပ်လျှောက်ထားနေသူများအနေနဲ့ Online Candidate Profileတစ်ခုရှိထားခြင်းက သမားရိုးကျ မိတ္တူကိုယ်ရေးရာဇဝင် (CVs)ထက် ပိုမိုထိရောက်တဲ့ အားသာချက်များစွာကို ပေးဆောင်နိုင်ပါတယ်။

➡️1. ပထမဆုံးအချက်ကတော့ အင်တာနက်ချိတ်ဆက်မှုရှိယုံဖြင့် မည်သည့်နေရာမှမဆို 24/7 အလွယ်တကူ ဝင်ရောက်ကြည့်ရှုနိုင်လို့ဖြစ်ပါတယ်။ အလုပ်တစ်ခုကို လျှောက်ဖို့ CVsမိတ္တူများကို Printထုတ်ဖို့မလိုဘဲ သင့်ရဲ့ အွန်လိုင်းပရိုဖိုင်ဖြင့် လျင်မြန်စွာ လျှောက်ထားနိုင်ပါတယ်။

➡️2. CVsဖိုင်မှာ အကြိမ်ကြိမ်ပြင်ပြီး အလုပ်လျှောက်တာထက် အွန်လိုင်းပရိုဖိုင်က အချိန်နှင့်တပြေးညီ သင့်Info, Experience, Skill setsများကို အလွယ်တကူ ပြင်နိုင်ပြီး အလုပ်ရှင်ဘက်မှလည်း သင်ရဲ့ လက်ရှိလုပ်သက်နှင့် သက်ဆိုင်ရာ အရည်အချင်းများကို Up to Dateမြင်ရဖို့ကို သေချာစေပါသည်။

➡️3. ဒါ့အပြင် အွန်လိုင်းပရိုဖိုင်မှာ စာသားများတင်မကဘဲ သင့်ရဲ့ Project, Activities, Work Scope များကို Photo, Video, Link များဖြင့် တွဲထားနိုင်တဲ့အတွက် အလုပ်ရှင်များအား သင့်စွမ်းရည်ကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် တွေ့မြင်လာစေပါတယ်။

➡️ 4. အွန်လိုင်းပရိုဖိုင်တည်ဆောက်ထားခြင်းက အလုပ်ဝဘ်ဆိုက်တွင် တစ်ချက်နှိပ်ရုံဖြင့် အလုပ် လျှောက်လွှာတင်ခြင်းလုပ်ငန်းစဉ်ကို မြန်ဆန်ချောမွေ့စေပြီး လျှောက်ထားမှုများအပေါ် ခွဲခြမ်းစိတ်ဖြာပေးကာ သင့်ပရိုဖိုင်နှင့် အလုပ်ရှာဖွေမှုဗျူဟာကို အချိန်နှင့်အမျှ ပြန်လည်ပြင်ဆင်နိုင်ရန် အကူညီပေးနိုင်ပါတယ်။

➡️ 5. အွန်လိုင်းပရိုဖိုင်များကို သင့်ဒေသတွင်း / နိုင်ငံတွင်းမှာ အသုံးဝင်ရုံသာမက နိုင်ငံတကာအလုပ် လျှောက်ထားရာတွင်ပါ အလုပ်ရှင်များက တွေ့မြင်နိုင်ပြီး သင့်အလုပ်ရှာဖွေမှုနယ်ပယ်ကို သိသိသာသာ ချဲ့ထွင်နိုင်စေပါတယ်။

➡️ 6. အွန်လိုင်းပရိုဖိုင်များက ကိုယ်ရေးရာဇဝင် (CVs)များကို မကြာခနPrint ထုတ်ခြင်းနှင့် Email ပေးပို့မှုမှတစ်ဆင့် Carbon footprintများကို လျှော့ချပေးနိုင်သောကြောင့် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတ အထောက်အကူပြုစေပါသည်။

ယနေ့ခေတ် Job Platformများ၏ လျင်မြန်သော ဒစ်ဂျစ်တယ်သဘောသဘာဝအရ ကောင်းစွာလိုက်ဖက်ညီပြီး အလုပ်ရှာဖွေသူများအတွက် အစွမ်းထက် လွယ်ကူစွာအသုံးပြုနိုင်တဲ့ အရာတစ်ခုဖြစ်လာပါတယ်။

သင့်မှာရော Online Candidate Profileတစ်ခုရှိပြီးပြီလား❓
မရှိသေးဘူးဆိုရင်တော့ အခုဘဲ https://www.joimyanmar.com/register မှာ Profile တစ်ခုဖွင့်ပြီး JOIM မှအလုပ်များကို လွယ်ကူလျှင်မြန်စွာလျှောက်ထားနိုင်ပါပြီ။

User Registerလုပ်ပုံနဲ့ Profileဖြည့်သွင်းပုံVideo

(Register & Profile Updatလုပ်ပြီးသူများ Profile Linkလိုချင်ပါက Chat Boxမှာ Register Emailဖြင့် လာရောက်တောင်းယူနိုင်ပါတယ်။ Demo Preview - https://bit.ly/JOIM_CP_Demo )

Share this Blog?