📢 အလုပ်လျှောက်ထားချိန်မှာ CVs Formအတွင်း Over Experience ထည့်မိတဲ့ လွဲမှားချက်များ
ယနေ့ခေတ် အခြေအနေလို အပြိုင်အဆိုင်များတဲ့ အလုပ်အကိုင်ဈေးကွက်အတွင်း အလုပ်ရှာဖွေသူများက လျှောက်ထားသူများကြား ပိုပြီးထင်ရှား ရွေးချယ်စေဖို့အတွက် မိမိတို့ရဲ့ CVs Formကို တတ်နိုင်သမျှ အထင်ကြီးစေရန် လုပ်သက် Experience ကို ပိုမိုထည့်မိ လေ့ရှိကြတယ်။ သင့်အရည်အချင်းနှင့် အရည်အသွေးများကို ပြည့်မီကြောင်း ပြသဖို့က အရေးကြီးသော်လည်း၊ သင့် CVs Form တွင် အတွေ့အကြုံများ လွန်ကဲစွာထည့်ခြင်းကို ရှောင်ကြဉ်သင့်သည့် အကြောင်းပြချက်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။
1➡️ လိုအပ်သော အကြောင်းအရာများနည်းနေခြင်း
သင့် CVs Form သည် သင့်အကြောင်း ပြီးပြည့်စုံစွာ ပါဝင်သော အတ္ထုပ္ပတ္တိ တစ်ခုမဟုတ်ပါ။ သင်လုပ်ဖူးသမျှအလုပ်တိုင်း၊ အထူးသဖြင့် သင်လျှောက်ထားနေသည့်ရာထူးနှင့် မသက်ဆိုင်သောအလုပ်များကို များစွာထည့်ထားခြင်းက လျှောက်ထားနေသည့် အလုပ်မှအတွေ့အကြုံ လိုအပ်ချက်အား အကျိုးသက်ရောက်မှုကို လျော့ပါးစေနိုင်ပါသည်။ ၎င်းအစား၊ အလုပ်လိုအပ်ချက်များနှင့် ကိုက်ညီသော သင်၏ အောင်မြင်မှုများနှင့် ကျွမ်းကျင်မှုများကို မီးမောင်းထိုးပြ ထည့်ရေးဖို့ အရေးကြီးပါတယ်။
2 ➡️ မသက်ဆိုင်သော အချက်များပါဝင်ခြင်း
အတွေ့အကြုံများလွန်းခြင်းအပါအဝင် သင်လွန်ခဲ့သောနှစ်များတွင်း လုပ်ခဲ့သောအလုပ်များက လက်ရှိအသက်မွေးဝမ်းကြောင်းပန်းတိုင်အတွက် သက်ရောက်မှုမရှိသော အလုပ်များ ပါဝင်နိုင်ပါတယ်။ အဲ့လိုအသေးစိတ် မသက်ဆိုင်သော အချက်များက သင်ရဲ့လတ်တလော ကြိုးစားနေသော အောင်မြင်မှုလမ်းများကို လွှမ်းမိုးသွားစေနိုင်ပါတယ်။
3 ➡️ အာရုံစိုက်ရွေးချယ်ဖို့ ခက်ခဲခြင်း
အလုပ်ခန့်သူများသည် CVs Form တစ်ခုစီကို ကြည့်ရှုသုံးသပ်ဖို့ အချိန်အကန့်အသတ် ရှိတတ်သည်။ သင်ရဲ့ CVs Form က အလွန်ရှည်နေတဲ့အခါ အသေးစိတ်တိုင်းကို အတိအကျမှတ်သားထားဖို့ အချိန်မပေးနိုင်တာမျိုးလည်းရှိနိုင်ပါတယ်။ တိုတိုတုတ်တုတ်နှင့် စနစ်တကျဖွဲ့စည်းထားသော CVs Form ကိုတင်ပြခြင်းက သင်ရဲ့ အဓိကအရည်အချင်းများဖြင့် အလုပ်ခန့်သူ၏မျက်လုံးကိုဖမ်းစားနိုင်ပြီး အခွင့်အလမ်းများကို ပိုမိုရရှိစေပါတယ်။
4 ➡️ အသက်နှင့် အတွေ့အကြုံကွာခြားခြင်း
လုပ်သက်အတွေ့အကြုံကို အလုပ်ရှင်အချို့က အသက်အပိုင်းအခြားများနှင့် ခွဲခြားရန် အသုံးပြုတာမလို့ လက်ရှိလုပ်ငန်း လိုအပ်ချက်အတွက် အတွေ့အကြုံနည်းသေးတာကို မရည်ရွယ်ဘဲ ဖော်ပြမိစေနိုင်ပါတယ်။ သင့် CVs Formမှာ ဆယ်စုနှစ်များစွာ အတွေ့အကြုံများအားလုံး မထည့်ဘဲ လတ်တလောလျှောက်ထားနေတဲ့ လုပ်ငန်းအတွက် သက်ဆိုင်ရာအတွေ့အကြုံကို အသေးစိတ် မီးမောင်းထိုးပြပြီး ထည့်ရေးနိုင်ဖို့ကို ပိုမို အားစိုက်သင့်ပါတယ်။
5 ➡️ အချက်အလက်ရှုပ်ထွေးစွာ ဖော်ပြခြင်း
သင့် CVs Formမှာ အတွေ့အကြုံများ စုပုံပြီး ထည့်သွင်းခြင်းက စနစ်တကျနှင့် ဖတ်ရလွယ်ကူသော CVs Form တစ်ခုကို ဖန်တီးဖို့ ခက်ခဲစေနိုင်ပါတယ်။ ရှုပ်ပွနေသော CVs Form သည် အလုပ်ခန့်သူများကို စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပြီး ၎င်းတို့ရှာဖွေနေသော အချက်အလက်များကို ရှာဖွေရန်ခက်ခဲစေသည်။
6 ➡️ တိုးတက်မှုအပေါ် အာရုံစူးစိုက်မှုမရှိခြင်း
အရည်အသွေးထက် အရေအတွက်ကို အာရုံစိုက်သော CVs Form သည် လုပ်သက်နှစ်များတစ်လျှောက် သင့်ရဲ့ Professionလုပ်ငန်းခွင်တိုးတက်မှုကို ချိတ်ဆက်ဖို့ ခက်ခဲစေပါတယ်။ သင်လုပ်ဖူးသော အလုပ်တိုင်းကို စာရင်းပြုစုမည့်အစား အတွေ့အကြုံတစ်ခုစီက သင့်ကိုယ်ရေးကိုယ်တာနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်စေကြောင်းကို အလေးပေးဖော်ပြပါ။
7 ➡️ အနာဂတ်အတွက် စိတ်ချရသောအလုပ်ခန့်အပ်ခြင်း
အလုပ်ရှင်များက ပုံမှန်အားဖြင့် အနာဂတ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သော ကျွမ်းကျင်သူများကို ရှာဖွေနေကြပါတယ်။ သင်၏ CVs Form မှာ အတွေ့အကြုံနှင့် လွန်ကဲစွာ တင်ခြင်းဖြင့်၊ သင်က အနာဂတ်ထက် အတိတ်ကို ပိုမိုအာရုံစိုက်လာသူတစ်ဦးအဖြစ် သင့်ကိုယ်သင် အမှတ်မထင် ဖော်ပြမိစေပါတယ်။
နိဂုံးချုပ်အားဖြင့် သင်ရဲ့ CVs Form ကို အတွေ့အကြုံလွန်ကဲစွာ ဖြည့်ရေးမည့်အစား သင်အလိုရှိသော အလုပ်တစ်ခုကို အကောင်အထည်ဖော်ရန်နှင့် အခွင့်အလမ်းများ တိုးတက်စေရန် သင်၏တန်ဖိုးအရှိဆုံး အထင်ကြီးလောက်သော အရည်အချင်းများနှင့်အတူ အောင်မြင်မှုများကို ရှင်းလင်းပြတ်သားစွာ ပြသနိုင်ရန် သေချာအာရုံစိုက် ထည့်သွင်းရေးသားလိုက်ပါ။
#JOIM_Team
#Job_Opportunities_in_Myanmar
Share this Blog?