2023 တွင် လုပ်ငန်းရှင် HR နှင့် Job Seekers များရဲ့ အပြန်အလှန် အခက်အခဲများ ❓

image
JOIM က ဒီတစ်ပတ် တနင်္ဂနွေလေးမှာ Knowledge Sharing လေးအနေဖြင့် JOIM မှာ အလုပ်လျှောက်သူများနှင့် HR များရဲ့ နှစ်ဖက်လုံးရဲ့ အပြန်အလှန် အခက်အခဲများကို သိရှိသွားနိုင်အောင် ဝေမျှတင်ပြပေးသွားမှာဖြစ်ပါတယ်ဗျ။ 

➡️ HR Side View 
◾JD နှင့် JR ကိုက်ညီတဲ့သူများ အရမ်းရှားပါးလာခြင်း၊ တချို့အလုပ်လာလျှောက်ကြသူများက မိတ္ထူဆိုင်က CV Form တွေကို ဓာတ်ပုံတွေရိုက်ပြီးပို့ပေးတော့ အင်တာဗျူးခေါ်ဖို့‌ခက်ခဲရပါတယ် . . . Yellow Worker များကလွဲပြီး Digital CV Form လေးတွေနဲ့ Information ပြည့်ပြည့်စုံစုံသေချာပြင်ဆင်ပြီးလျှောက် ထားလို‌သော Position Title ပါ အတူတကွပေးပို့ပေးစေချင်ပါတယ်။
◾အလုပ်ခေါ်စာမှာပါသော စုံစမ်းရန် ဖုန်းနံပါတ်လေးတွေကိုလဲတချို့က ည 11:00 နာရီနှင့် 1:00 နာရီဆက်ပြီး ဖုန်းတွေဆက်တာမျိုးရှိတာကြောင့် ရုံးချိန် (9:00 to 5:00) နာရီအတွင်း ဆက်သွယ်မေးမြန်းစေလိုချင်ပါတယ်၊
◾အင်တာဗျူးချိန်းဆိုတဲ့အခါ လာရောက်ဖြေဆိုပေးဖို့ပါ၊ အလုပ်လျှောက်ထားသူများထဲက အကိုက်ညီဆုံးသူများသာ ချိန်းဆိုတာဖြစ်တာကြောင့် လာရောက်မ‌ဖြေဆိုနိုင်ပါက အထက်လူကြီးတွေကို မျက်နာပျက်ရသလို၊ တစ်ခြားသူများကို ရွေးချယ်လို့ရတာကြောင့် တစ်ခြားသူများအတွက် အခွင့်အရေးတစ်ခုဖြစ်သွားစေနိုင်တာကြောင့်  အင်တာဗျူးချိန်းဆိုတဲ့အခါ လာရောက်ဖို့နှင့် မလာနိုင်ပါက ကြိုတင်အကြောင်းကြားပေးဖို့ပါ။

➡️ Job Seekers Side View
◾အလုပ်ခေါ်စာ JD နှင့် JR တွေမှာ တောင်းဆိုတဲ့ အချက်အလက် လေးတွေ၊ Experience သတ်မှတ်ချက်တွေကလဲများပါတယ်
◾အလုပ်လျှောက်ထားတဲ့အခါ CV Form လက်ခံရရှိကြောင်း Reply ပြန်ပေးစေချင်ပါတယ် 
◾အလုပ်ခေါ်စာလေးတွေမှာ လစာလေးတွေ ထည့်ပြီးဖော်ပြစေချင်ပါတယ်၊ တကယ်လို့ ကုမ္ပဏီရဲ့ Policy မလို့ အတိအကျမဖော်ပြပေးနိုင်ရင်တောင် Range နှုန်းဖြင့် ဖော်ပြပေးစေချင်ပါတယ်။ အင်တာဗျူး သွားဖြေဆိုမှ Salary Range နှုန်းလေးတွေ အဆင်မပြေတာကြောင့်
◾အင်တာဗျူး သွားရောက်ဖြေဆိုတဲ့အခါမျိူးမှာ ကုမ္ပဏီဘက်က  ဘယ်ရက်နောက်ဆုံးထားရွေးချယ်ဖြစ်မယ်၊ ပြီးတော့ ရွေးချယ်ခံရပါက ဆက်သွယ်ပါ့မယ်ဆိုတဲ့ Schedule လေးတော့ အလုပ်လျှောက်သူဘက်ကို အသိပေးစေချင်ပါတယ်။ 

ထိုနောက် JOIM Platforms ပေါ်က အလုပ်လျှောက်ထားသူများက ပိုပြီး စနစ်တကျလေး ဖြစ်လာအောင်ရယ် ၊ လုပ်ငန်းရှင်များလဲ အလုပ်လျှောက်သူတွေအပေါ် လေးစားမှုလေးတွေရှိအောင် ရည်ရွယ်ပြီး တင်ပြပေးခြင်းပါ ရည်ရွယ်ချက်များ လွဲသွားခဲ့ရင် အထူးနားလည်ပေးဖို့တောင်းဆိုပါတယ်ဗျ။

Share this Blog?