🏗 အလုပ်အကိုင်နယ်ပယ် နှင့် လစာနှုန်းထား လမ်းညွှန် 📢

image
မြန်မာနိုင်ငံသာမက နေရာဒေသအသီးသီးမှာ နှစ်ဦးနှစ်ဖက် အမြဲမှီခိုနေရတဲ့ အလုပ်အကိုင် နယ်ပယ်အတွင်း  လုပ်ငန်းရှင်/HR များနှင့် ဝန်ထမ်းတို့ကြား ရာထူး၊ ကျွမ်းကျင်မှုများနှင့် လစာ အပိုင်းအခြားက မျှခြေညီရရှိနိုင်ဖို့က အရေးကြီးပါတယ်။ ဒီလိုမျိုး အလုပ်အကိုင်ဈေးကွက်အတွင်း သင့်တင့်မျှသော လစာနှုန်းထားတစ်ခုရှိမှသာ ဝန်ထမ်းနှင့်လုပ်ငန်းရှင်ကြား လုပ်ငန်းခွင်တွင်း အဆင်ပြေနိုင်ပြီး မိမိကုမ္ပဏီက ဝန်ထမ်းများအတွက်  မှန်ကန်တိကျတဲ့ Carer Developmentတက်လမ်းကြောင်းကိုလည်း ပေးဆောင်နိုင်/မနိုင်ကို ဆုံးဖြတ်ချက်ချစေနိုင်ဖို့ အဓိကသော့ချက်တစ်ခုလည်း ဖြစ်ပါတယ်။

သင့်ရာထူးနဲ့ ကိုက်ညီတဲ့ လစာ ဟုတ်/မဟုတ် သိထားဖို့ ဘာကြောင့် အရေးကြီးသလဲ❓

၁။  မတူညီသောလုပ်ငန်းနယ်ပယ်များတွင် ရာထူးတူမျိုးရှိသော်လည်း ထိုနေရာများအတွက် လစာစကေး အမျိုးမျိုးရှိနိုင်ပါသည်။ လုပ်ငန်းစံနှုန်းကို သိရှိထားပြီး လက်တွေ့ကျတဲ့ လစာမျှော်မှန်းချက်ကို သတ်မှတ်ဖော်ပြနိုင်မှာသာ လုပ်ငန်းနယ်ပယ်များအတွင်း အသက်မွေးဝမ်းကျောင်း အပြောင်းအလဲများကို ပြုလုပ်ဖို့ လွယ်ကူစေမှာပါ။

၂။ အလုပ်အကိုင်ဈေးကွက်က စီးပွားရေးအခြေအနေများနဲ့ လုပ်ငန်းလိုအပ်ချက်အပေါ်အခြေခံတာမလို့ လစာနှုန်းထားများ အတက်အကျရှိတာမလို့ အလုပ်အကိုင်စျေးကွက်က အပြောင်းအလဲအရမ်းမြန်ပါတယ်။ လက်ရှိစျေးကွက်လမ်းကြောင်းများကို အပ်ဒိတ်လုပ် လေ့လာနေခြင်းက သင့်ကို အပြောင်းအလဲများနှင့် လိုက်လျောညီထွေဖြစ်စေပြီး လုပ်ငန်းခွင်တွင် သင့်ကိုယ်သင် အနေအထားတစ်ခုဖြင့် ရပ်တည်နိုင်စေပြီး လိုအပ်ချက်များကို နားလည်သိရှိစေပါတယ်။

အထက်က အချက်တွေကို သိရှိထားစေချင်လို့ JOIM Aduienceများအတွက် Survey Resultsများဖြစ်ဖော်ပြပေးထားတဲ့ Job Industryအတွင်းက လက်ရှိ လခနှုန်းထားတွေကို ရှာဖွေလေ့လာနိုင်တဲ့ နေရာ ၃ခုကို မျှဝေပေးလိုက်ပါတယ်။

1◾ Paylab - Job Industryမျိုးစုံက Position/Categoryအသီးသီးရှိ လစာပမာဏ စစ်တမ်းများကို လေ့လာနိုင်ပြီး Career Pathလမ်ကြောင်းများကိုပါ တစ်နေရာထဲ လေ့လာနိုင်ပါတယ်။

2◾Myanmar Salary Survey - ဒီစစ်တမ်းကတော့ မြန်မာနိုင်ငံအတွင်းက အများဆုံး အခွင့်အလမ်းနှင့် လစာစံနှုန်းများ ပိုမိုသေချာ ခွဲခြမ်းစိတ်ဖြာပေးထားတဲ့ Surveyတစ်ခု ဖြစ်ပါတယ်။

3◾ Salary Calculator - နိုင်ငံခြား Job Site ဖြစ်တဲ့ Indeed Jobက လုပ်ထားတဲ့ လစာနဲ့ ရာထူးကို ယှဉ်တွဲပြီး နိုင်ငံတကာ ဈေးကွက်ကို လေ့လာနိုင်တဲ့အတွက် ပြည်တွင်း လေ့လာသူများအပြင် ပြည်ပရောက် မြန်မာတွေအတွက် အသုံးဝင်နိုင်တဲ့ Website တစ်ခုဖြစ်ပါတယ်။

JOIMရဲ့  Audienceတွေကိုလည်း မိမိရဲ့ တက်ကျွမ်းတဲ့ အသိပညာ၊ အတက်ပညာတွေနဲ့ တန်ဖိုးအမှန်ကို နားလည်ပြီး လုပ်ငန်းခွင်တွင်း သင့်တင့်ကောင်းမွန်တဲ့ လစာနှုန်းထားများရရှိကာ အောင်မြင်မှုပန်းတိုင်ကို ရရှိစေဖို့ ဖော်ပြပေးလိုက်တာဘဲ ဖြစ်ပါတယ်။

#JOIM
#Job Opportunities in Myanmar
#Knowledge_Sharing

Share this Blog?