ဝန်ထမ်းများကို ဘယ်လိုနည်းလမ်းတွေ အသုံးပြုခေါ်ယူကြမလဲ ❓
မိမိတို့လုပ်ငန်းအတွက် ကျွမ်းကျင်ဝန်ထမ်း ရှားပါလာမှု ၊ ဝန်ထမ်းဦးရေလျော့ကျပြီး ၊ turnover နှုန်းတွေတိုးလာတဲ့အခါ ထိုနေရာများအတွက် အစားထိုးပြန်ခန့်အပ်ရန် ဝန်ထမ်းများပြန်လည်ရှာဖွေဖို့လိုအပ်လာပါတယ်။ ထိုအခါမှာ ဝန်ထမ်းများပြန်လည်ရရှိဖို့ အခက်ခဲနဲ့ ဝန်ထမ်းရှာဖွေရန်အတွက် ကုန်ကျစရိတ်များစွာသုံးပြုရခြင်း စတဲ့အခက်ခဲတွေနဲ့ကြုံတွေ့ရနိုင်ပါတယ်။
ထိုကြောင့် မိမိလုပ်ငန်းအနေနဲ့ မည်သည့် နည်းလမ်းတွေကိုအသုံးပြုခြင်းဟာ သင့်တော်ပြီး ဝန်ထမ်းရရှိနိုင်မှုအများဆုံးဖြစ်နိုင်မလဲဆိုတာကို ချိန်ဆနိုင်ရန် ဝန်ထမ်းရှာဖွေရာတွင် အသုံးပြုနိုင်သော နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။
➡️ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများ အသုံးပြုခြင်း - ဝန်ထမ်းကောင်းများကို ရှာဖွေရန် အလုပ်ကိုင်ရှာဖွေရေးအေဂျင်စီများထံမှ သင့်လုပ်ငန်းအတွက် လိုအပ်သော ဝန်ထမ်းအတွက် ချိတ်ဆက် ထားပါ။
➡️ အွန်လိုင်းအလုပ် ကြော်ငြာ Portal များ အသုံးပြုခြင်း - ယခုနောက်ပိုင်း အလုပ်ခေါ်ယူသူများစွာ တွင်ကျယ်စွာ အသုံးပြုလာကြပြီး၊ ကုန်ကျစရိတ်သက်သာသလို မိမိတို့ရဲ့လုပ်ငန်းအတွက် လိုအပ်နေသော အလုပ်နေရာများစွာကို အလုပ်ရှာဖွေနေကြသူများထံသို့ အချိန်တိုတိုဖြင့် လျင်မြန်စွာရောက်ရှိတာကြောင့် CV များရရှိ၍ မိမိတို့နဲ့ သင့်တော်သောလူကို ရှာဖွေနိုင်ပါလိမ့်မယ်။
➡️ ကွန်ရက်ချိတ်ဆက်ခြင်း - အလုပ်အကိုင်ပြပွဲများဖြစ်သော Jobfair ပွဲများ ၊ ဆွေးနွေးပွဲများသို့ ပါဝင်ချိတ်ဆက်ပြီး မိမိတို့ လိုအပ်နေသော အလုပ်နေရာများအတွက် ဝန်ထမ်းများ ရှာဖွေနိုင်ပါလိမ့်မယ်။
➡️ ပညာရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း- ပညာရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အတွေ့ကြုံမရှိသေးသောလူငယ်များကို အလုပ်ကိုင်အခွင့်လမ်းပေးပြီး ခေါ်ယူနိုင်မည့်အပြင် ကောင်းမွန်တဲ့လူစွမ်းအားအရင်းမြစ်ရရှိစေပါလိမ့်မယ်။
➡️ ရာထူးတိုး အစားထိုးခန့်အပ်ရန်ပြင်ဆင်ထားခြင်း - လစ်လပ်နေသော ရာထူးအမြင့်နေရာများအတွက် လက်ရှိဝန်ထမ်းများထဲမှ သင့်လျော်သောဝန်ထမ်းအား ရှာဖွေ၍ အလုပ်တာဝန်နှင့် ရာထူးကိုတိုးမြှင့်ခန့်ထားရန်အတွက် လျာထားပါ။ ထိုသို့လျာထားခြင်းဖြင့် ရုတ်တရက်လစ်လပ်သွားသောရာထူးနေရာအတွက် လုပ်ငန်းလည်ပတ်ရန် အမြန်ဆုံး ပြန်လည်ခန့်ထားနိုင်ပါလိမ့်မယ်။
➡️ ဆိုရှယ်မီဒီယာ- လူသုံးများသော Socail media Platform များကို အသုံးပြုပြီး ထိုပလက်ဖောင်းများအပေါ် မိမိတို့လုပ်ငန်းရဲ့ အလုပ်ကိုင်အခွင့်ရေးများ ၊ ဝန်ထမ်းအကျိုးခံစားခွင့်များနှင့် အလုပ်ခေါ်စာများအား ပြသခြင်းဖြင့် မိမိလုပ်ငန်းအား လူအများကြားကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိစေပြီး အလုပ်ရှာဖွေသူများရဲ့ စိတ်ဝင်စား အလုပ်လျှောက်ထားခြင်းကို ရရှိပါလိမ့်မယ်။
➡️ ယှဉ်ပြိုင်နိုင်သောလစာနှင့် အကျိုးခံစားခွင့်များ- ကျွမ်းကျင်လုပ်သားများကို ဆွဲဆောင်ပြီး ထိန်းသိမ်းရန် ယှဉ်ပြိုင်နိုင်သောလစာများနှင့် ဆွဲဆောင်မှုရှိသော အကျိုးခံစားခွင့်များကို ကမ်းလှမ်းပါ။ ထိုမှသာ အလုပ်ရှာဖွေ လျှောက်ထားသူများကြား သင့်ရဲ့အလုပ်ခေါ်စာဟာ ရွေးချယ်မှုတစ်ခုဖြစ်စေပါလိမ့်မယ်။
➡️ လေ့ကျင့်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး- လက်ရှိဝန်ထမ်းများကို ကျွမ်းကျင်လာစေရန်နှင့် ကြီးထွားရန် အခွင့်အလမ်းများကို ရှာဖွေနေသူများကို ဆွဲဆောင်ရန်အတွက် လေ့ကျင့်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များတွင် ရင်းနှီးမြှုပ်နှံပါ။ ထိုသို့ ဝန်ထမ်းများအပေါ် ရင်းနှီးမြှုပ်နှံခြင်းဟာ မိမိတို့လုပ်ငန်း တိုးတက်အောင်မြင်မှုအတွက် အချက်တစ်ချက်ဖြစ်ပါလိမ့်မယ်။
နောက်ဆုံးအနေနဲ့ အရေးကြီးဆုံးအချက်ကတော့
အလုပ်ခန့်ထားမှုလုပ်ငန်းစဉ်တစ်လျှောက် ဒေသဆိုင်ရာ အလုပ်သမားဥပဒေနှင့် စည်းမျဉ်းများကို လိုက်နာရန် မမေ့ဖို့ပဲဖြစ်ပါတယ်။
အထက်ပါအချက်များကို အသုံးပြုကြည့်ပြီး မိမိတို့ လုပ်ငန်းအတွက် လိုအပ်လျက်ရှိသော လူ့စွမ်းအားအရင်းမြစ်အတွက် ဝန်ထမ်းကောင်းများ ရှာဖွေရရှိနိုင်စေပြီး အစဥ်တိုးတက်လျက်ရှိသော လုပ်ငန်းများဖြစ်ကြပါစေ။
Share this Blog?