JOIM Website ပေါ်က Salary Range နှုန်းများအကြောင်း သင်သိပြီးပြီလား ❓

image
JOIM Website နှင့် Social Platformများမှ အလုပ်​ခေါ်စာများတွင် Salary Range ဖြင့်ထည့်သွင်း​ဖော်ပြရာမှာ အလုပ်ရှာ​ဖွေသူ (Jobseeker ) များနှင့် အလုပ်​ခေါ်စာဖတ်ရှုသူများအကြား အနိမ့်ဆုံးအ​ခြေခံလစာနဲ့ပတ်သတ်ပြီး နားလည်မှုလွဲမှားမှုများကိုကြုံ​တွေ့ရတတ်ပါတယ်။

ဒါ​ကြောင့် JOIM Platform တွေပေါ်မှအလုပ်​ခေါ်စာများဖတ်ရှုတဲ့အခါ Jobseeker များအကြား နားလည်မှုလွဲမှားခြင်းမဖြစ်ရ​လေ​အောင် JOIM မှတင်လိုက်တဲ့ အလုပ်​ခေါ်စာ​တွေမှာ လစာကိုအတိကျမ​ဖော်ပြဘဲ ဘာ​ကြောင့် Salary Range ဖြင့်သာ​ဖော်ပြ​​ခေါ်ယူတယ်ဆိုတာ Knowledge sharing ​​လေးလုပ်​ပေးသွားမှာဖြစ်ပါတယ်။

ကုမ္ပဏီတိုက်ရိုက်အလုပ်ခေါ်စာတွေကို ကြော်ငြာပေးနေတဲ့ JOIM Website လေးမှာ လုပ်ငန်းရှင်တွေ အလုပ်တင်တဲ့အခါမှာ Salary ကို မဖော်ပြချင်တဲ့အခါ Negotiations လေးနှင့် လစာဖော်ပြချင်တဲ့ အခါမှာ Salary Range လေးဖြင့် JOIM Website ပေါ်မှာ ရွေးချယ်ရပါတယ် . . .
အောက်ပါ JOIM Website ပေါ်က သတ်မှတ်ထားတဲ့လစာ Range နှုန်းလေးတွေကို နာမူနာလေးဖော်ပြပေးပါ့မယ်ဗျ . . .
▪️MMK 100,000 - 200,000 (200,000 နှင့် 200,000 အောက်လစာသာပေးနိုင်သော အလုပ်)
▪️MMK 200,000 - 300,000 (300,000 နှင့် 300,000 အောက်လစာသာပေးနိုင်သော အလုပ်)
▪️MMK 300,000 - 400,000 (400,000 နှင့် 400,000 အောက်လစာသာပေးနိုင်သော အလုပ်)
▪️MMK 900,000 - 1,000,000 (1,000,000 နှင့် 1,000,000 အောက်လစာသာပေးနိုင်သော အလုပ်)
▪️Negotiation
အစရှိသဖြင့် လစာကို Range တစ်ခုအနေနဲ့သာဖော်ပြပါတယ်ဗျ..
ဥပမာ ➡️ A Company က အတွေ့အကြုံရှိဖို့မလိုတဲ့အလုပ်သင်ဝန်ထမ်းရာထူးအတွက် ခေါ်ယူမယ် အခြေခံလစာ ၁ သိန်း ၈ သောင်းလဲပေးမယ် တခြား Transportation Charges ၃ သောင်းလဲပေးမယ်ဆိုပါက ပေါင်း ၂ သိန်း တစ်သောင်းဆိုပင်မဲ့ A Company ရွေးချယ်ရမည့် Range သည် . . .
✅MMK 100,000 - 200,000 ရွေးချယ်ရမှာဖြစ်ပြီး Transportation Charges များကို Benefit ထဲမှာ ထည့်ရေးပေးရတာကြောင့်ပါဗျ။​ ထိုအခါမျိုးမှာ Salary Range ​ရွေးချယ်ပုံ​ပေါ်မူတည်ပြီး Company နဲ့ အလုပ်​လျှောက်ထားသူ(Jobseeker) များကြားမှာ နားလည်မှုလွဲမှားနိုင်ပါတယိ။

Company များအ​နေဖြင့်အခြေခံ လစာကို နိုင်ငံတော်အစိုးရမှသတ်မှတ်ပေးထားသည့် အခြေခံလစာငွေပမာဏနှင့်လျော်ညီစွာ သတ်မှတ်ပေးထားရန်တာဝန်ရှိပြီးဖြစ်ပါတယ်။ ဝန်ထမ်းများအနေဖြင့်ထပ်မံရရှိသော incentive, OT, Public holiday bonus နှင့် အခြားသောအကျိုးခံစားခွင့်များကို အလုပ်ခေါ်စာ၏ benefit ဟူသောနေရာတွင်ရေးသားဖော်ပြ​ပေးထားပါတယ်။
ထို့​ကြောင့် Salary Range ဖြင့်​ဖော်ပြ​သော အလုပ်​ခေါ်စာများကို ​ဖတ်ရှူလျှောက်ထားမည်ဆိုပါက Salary Range ၏ သ​ဘောတရားအားသိရှိပြီး မိမိတို့ရဲ့ ရပိုင်ခွင့်အကျိုးခံစားခွင့်များအား နစ်နာမှုမရှိ​စေဘဲ ရသင့်​သောအ​ခြေခံလစာနှုန်း အတိုင်းရရှိခံစားနိုင်​စေရန် knowledge sharing ​လေးအဖြစ်​မျှ​ဝေလိုက်ပါတယ်။

Share this Blog?