Leader ကောင်းတစ်ယောက်ဖြစ်စေဖို့ ဘာတွေလိုအပ်မလဲ ?

ခေါင်းဆောင်ဆိုတာကလည်း အောက်ခြေကနေစတင်ပြီး လေ့လာသင်ယူခဲ့ရတာဖြစ်တဲ့ အတွက် ကိုယ့်ရဲ့လက်အောက်ငယ်သားများကိုသက်ညှာတက်ဖို့ လိုအပ်ပါတယ်။ဒါ့အပြင် ခေါင်းဆောင်အင်္ဂါရပ်နဲ့အညီ အရည်အချင်းများရှိရမည့်အပြင်လက်အောက်ငယ်သားများရှေ့မှာလည်း တာဝန်ယူတက်မှု ကိုယ်ချင်းစာတက်မှု သက်ညှာတက်မှု ဂုဏ်သိက္ခာရှိမှုတို့နဲ့အညီဆင်ခြင်နေထိုင်သင့်ပါတယ်။ ဒီကနေ့မှာတော့ ခေါင်း ဆောင်ကောင်း တစ်ယောက်ဖြစ်စေဖို့အတွက် လိုအပ်တဲ့ အရည်အချင်းများကို ဖော်ပြပေးပါရစေဗျ။
- Emotional Intelligence ကောင်းရပါမယ်။
Emotional Intelligence (EQ) ဆိုသည်မှာ မိမိကိုယ်ပိုင်ခံစားချက်များကို နားလည်ခြင်း၊ ထိန်းချုပ်နိုင်ခြင်းနှင့် အခြားသူများ၏ခံစားချက်များကို နားလည်၍ ကောင်းမွန်သောဆက်ဆံရေးကိုတည်ဆောက်နိုင်ခြင်း တို့ဖြစ်ပါတယ်။ EQ ကို တိုးတက်စေခြင်း Professional ဆက်ဆံရေးများနှင့် လုပ်ငန်းအောင်မြင်မှုတို့တွင် အဓိကအရေးပါတဲ့အချက်ပဲဖြစ်ပါတယ်။
- ရည်ရွယ်ချက်များသတ်မှတ်ခြင်းနှင့် Members များအား ထိထိရောက်ရောက်တာဝန်ခွဲပေးခြင်း✨
မိမိရဲ့ Team Members များအပေါ် တာဝန်များကို ပွင့်လင်းပြတ်သားစွာ ညွှန်ကြား ပေးသင့်ပြီး လုပ်ငန်းရဲ့ ချမှတ်ထားတဲ့ Goals ကိုပြည့်မှီအောင် ဦးဆောင်ပြုလုပ်နိုင်ရပါမည်။ မိမိအဖွဲ့ရဲ့ Members များ စိတ်အားထက်သန်စွာ နဲ့ တက်တက်ကြွကြွ လုပ်ဆောင်နိုင်ရန် အားပေး စကားများပြောကာဖေးမပြီး ရှေ့ကနေဦးဆောင်လမ်းပြကြိုးစားသင့်ပါတယ်။
- ယုံကြည်မှုတည်ဆောက်ပြီးပြဿနာများကိုဆွေးနွေးဖြေရှင်နိုင်ခြင်း ✅
လူအများကို ဦးဆောင်ရာတွင် ယုံကြည်မှုတည်ဆောက်ထားနိုင်မှ အတူတူအလုပ်လုပ်နိုင်မှာဖြစ်တဲ့ အတွက် အများကယုံကြည်သူဖြစ်အောင်နေသင့်ပါတယ်။ အပြောနဲ့ အလုပ်ညီတာ Self Discipline ရှိတာမျိုး တွေနဲ့ အညီနေထိုင်သင့်ပါတယ်။ ဒါ့အပြင်ကြုံလာသည့်ပြဿနာများကိုလည်းအမှန်ဆုံးနှင့် အမြန်ဆုံး ဖြေရှင်းနိုင်ရပါမည်။မိမိရဲ့ Members များရဲ့ လုပ်နိုင်စွမ်းတွေ Achievement တိုင်းကိုလည်း Appreciate လုပ်ပေးသင့်ပါတယ်။ ဒါမှသာမိမိလက်အောက်ရှိ Members များကလည်းတက်ကြွစွာ အလုပ်လုပ်မှာဖြစ်ပြီး လုပ်ငန်းပိုမို တိုးတက်ရန်အတွက် အထောက်အကူ ဖြစ်စေမှာပဲဖြစ်ပါတယ်။
- Empathy And Humility 🤝🏻
ဒီအချက်လေးကတော့ လူသားတိုင်းသိသင့်ရှိသင့်တဲ့ အခြေခံလူ့ကျင့်ဝတ်လေးတွေပဲဖြစ်ပါတယ်။ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်စေရန် မိမိထက်ရာထူး ပညာငယ်သူတိုင်းကိုမိမိထက်နှိမ့်ကျတယ်ဆိုပြီးမနှိမ်သင့်ပါဘူး ။ လူတိုင်းဟာ တစ်နေ့နေ့တစ်ချိန်ချိန်မှာ အောင်မြင်တဲ့ သူဖြစ်လာနိုင်တဲ့ အတွက်သင်သည်မည်သည့်ရာထူးနေရာမှာပဲဖြစ်နေပါစေလက်အောက်ငယ်သားများ Team Members များအပေါ် ထိုက်သင့်တဲ့ လေးစားမှုပေးသင့်ပါတယ်။ဒါ့အပြင် မိမိရဲ့ လက်အောက်ငယ်သား များ၊ Team Members များရဲ့ အပြုသဘောဆောင်တဲ့ အကြံပေးမှုများကို ဂရုပြုနားထောင်ပြီးသုံးသပ်ဆင်ခြင်ကာ လုပ်ငန်းပိုမိုတိုးတက်စေရန်ကြိုးစားသင့်ပါတယ်။
Leader ကောင်းတစ်ယောက်ဖြစ်စေရန်အတွက် ရည်မှန်းချက်နှင့် စိတ်ဓာတ်ကို တည်ငြိမ်စွာထိန်းသိမ်းပြီးအများရှေ့မှာ စံနမူနာယူသင့်သူဖြစ်အောင် ကြိုးစားနေထိုင်သင့်ကြောင်း Knowledge Sharing အနေ ဖြင့် မျှဝေပေးလိုက်ပါတယ်။🍀
Share this Blog?