Public Speaking ကောင်းစေဖို့ဘယ်လိုလုပ်သင့်လဲ?

image
📢 Public Speaking ဆိုတာကတော့ အကြောင်းအရာတစ်ခုကို သို့မဟုတ် Topic တစ်ခုကိုလူအများရှေ့သို့ထွက်ပြီး ဆွေးနွေးပြောဆိုရခြင်းပဲ ဖြစ်ပါတယ်။ Public Speaking ကောင်းဖို့ ဆိုတာက Professional Life မှာသာမက Personal Life မှာပါ လိုအပ်တာဖြစ်တဲ့ အတွက် Public Speaking ကောင်းစေဖို့ နည်းလမ်းအချို့ကိုဖော်ပြပေးလိုက်ပါတယ်။

1.Know your topic ✨
လူအများရှေ့ဆွေးနွေးပြောဆိုရန်သင့်အနေနဲ့ ပြောချင်တဲ့ အကြောင်းအရာရည်ရွယ်ချက်များကို သေချာ Research လုပ်ထားဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ကိုယ်ပြောချင်တဲ့အကြောင်းအရာ အချို့ကိုလည်း Note ထုတ်ကာ မှတ်သားထားခြင်းဖြင့် လူအများရှေ့စကားပြောတဲ့ အခါမှာ သေချာထိမိစွာ ပြောဆိုနိုင်မှာပဲဖြစ်ပါတယ်။

2. Body Language🙋🏻
လူအများရှေ့စကားပြောဆိုတဲ့ အခါစိတ်လှုပ်ရှား မှုကိုထိန်းချုပ်ပြီး Confidance ရှိရှိ ပြောဆိုနိုင်ဖို့က အရေးပါလှပါတယ်။ လူအများရှေ့စကားပြောကောင်းစေချင်သူတွေဟာ ခန္ဓာကိုယ် ကိုယ်နေဟန်ထားတည်ငြိမ်အောင် ထိန်းထားပြီး မိမိဆွေးနွေး ဟောပြောမည့်လူအများနှင့် မျက်လုံးချင်း ဆုံကာယ့ုကြည်မှုရှိရှိ နှင ့်သဘာဝကျကျ ပြောဆို ဆွေးနွေးနိုင်ရပါမယ်။ သတိပြုရမည့်အချက်လေးကတော့ လက်ဟန်အမူအရာနှင့် ကိုယ်ခန္ဓာလှုပ်ရှားမှုတွေ အလွန်အကျွံ သုံးတာ ရှောင်ကျဉ်သင့်ပါတယ်။

3. Practice make perfect✨
မိမိဆွေးနွေးဟောပြောချင်တဲ့အကြောင်းအရာကိုပြေပြစ်စွာ ပြောဆိုနိုင်ရန်နှင့် အစီအစဉ်တကျ ဖြစ်စေရန်ကြိုတင်ပြီး ထပ်ခါထပ်ခါ လေ့ကျင့်သင့်ပါတယ် ။ ထပ်ခါလဲလဲ လေ့ကျင့်ခြင်းက မိမိကိုယ်ကို မိမိယုံကြည်မှုရှိလာစေပြီး မိမိပေးချင်တဲ့ Message ကို ကိုယ်ဆွေးနွေးဟောပြောချင်တဲ့ လူအများ ကို နားလည်သဘောပေါက်အောင် ထိရောက်စွာ ပေးနိုင်မှာဖြစ်ပါတယ်။ 

4. Be Clam 🧖
လူအများရှေ့စကားပြောဆိုတဲ့နေရာမှာ စိတ်လှုပ်ရှားခြင်းနှင့် စင်ကြောက်ခြင်း ဟာ သင်တစ်ယောက်ထဲ  ခံစားနေရတာမျိုးမဟုတ်ဘဲ လူအတော်များများလည်းဖြစ်လေ့ရှိတဲ့ အတွက်စိတ်ညစ် နေဖို့မလိုပါဘူး။ သင့်အနေနဲ့စိတ်လှုပ်ရှားနေသည်ဆိုလျှင်စတင်မဆွေးနွေးမပြောဆိုခင် မိနစ်ပိုင်းအလိုမှာ အသက်ပြင်းပြင်း ရှု ပြီး စိတ်ကိုတည်တည်ငြိမ်ငြိမ် ထားကာပြင်ဆင်သင့်ပါတယ်။ Public speaking  သမားကောင်း ဖြစ်စေဖို့ မိမိပြောချင်တဲ့ ဆိုလိုရင်းကို ရှက်ရွံ့ ကြောက်လန့်မနေဘဲ ထိထိမိမိပြောနိုင်ဖို့ ကြိုးစားသင့်ပါတယ်။


Share this Blog?