အချိန်တွေကို ဘယ်လိုစီမံခန့်ခွဲမလဲ ?

➡️ လူတိုင်းမှာတူညီတဲ့အချိန်တွေရှိပေမယ့် အချိန်ကုန်တာ ပိုမြန်တယ်လို့ခံစားရစေတဲ့ အကြောင်းအရင်းများ…
1️⃣ Technology ရဲ့စွမ်းအားကို လွန်ကဲစွာအသုံးပြုမိနေခြင်း။
Social Media သုံးခြင်း၊ Phone အသုံးပြုခြင်းတွေက သတင်းအချက်အလက်တွေ၊ လေ့လာမှုတွေအတွက် အထောက်အကူပြုပေမယ့် အဆိုပါ Platformတွေပေါ်က Contentတွေထဲမှာ စီးမျောသွားပါက ကိုယ်တိုင်သတိမပြုမိဘဲ အချိန်တွေကုန်စေပါတယ်။
2️⃣ တစ်ခုခုလုပ်ရန်အတွက် အချိန်ဆွဲလွန်းခြင်း။
လုပ်ဆောင်စရာကိစ္စတွေကို ချက်ချင်းမလုပ်ဆောင်ဘဲ အချိန်ဆွဲနေခြင်းက အလုပ်လည်းမပြီး အချိန်ကုန်တာကိုပဲ မြန်စေပါတယ်။
3️⃣ တစ်နေ့တာကို စီမံခန့်ခွဲမှုမရှိခြင်း။
တစ်နေ့တာအတွက် ဘာတွေပြီးမြောက်အောင်လုပ်ဆောင်မယ်၊ ဘယ်ချိန်အနားယူမယ်ဆိုတာတွေ စနစ်တကျစီစဉ်ထားခြင်းမရှိတဲ့အခါ စိတ်ကူးပေါက်ရာလုပ်ဆောင်ရင်း တစ်နေ့တာအချိန်တွေ အလွယ်တကူကုန်စေနိုင်ပါတယ်။
4️⃣ တစ်ရက်လုံး အလုပ်ရှုပ်နေခြင်း။
သေချာစီမံမှုမရှိဘဲ တစ်ချိန်တည်းမှာ အလုပ်တွေအများကြီး (Multi-tasking) လုပ်တဲ့အခါ အချိန်သာကုန်လွန်ပြီး ဘယ်အလုပ်မှမပြီးတာမျိုးဖြစ်စေနိုင်ပါတယ်။
➡️ အချိန်ကုန်တာမြန်တယ်လို့ ထင်မိစေတဲ့အကြောင်းအရင်းတွေကိုဖော်ပြပြီးပြီဆိုတော့ အချိန်ကိုထိရောက်စွာ စီမံဖို့ နည်းလမ်းတွေလည်းဖော်ပြလိုက်ပါတယ်..
✅ ဦးစားပေးလုပ်ဆောင်ရန်များသတ်မှတ်ခြင်း
တစ်နေ့တာ ဦးစားပေးလုပ်ဆောင်ရမယ့်အရာတွေကို သတ်မှတ်ပြီး အရေးကြီးတဲ့အလုပ်ကို ပထမဆုံးလုပ်ခြင်းက အချိန်ကိုထိရောက်စွာ အသုံးပြုနိုင်မယ့်နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
✅ Time Blocking Method
တစ်နေ့တာလုပ်ဆောင်ရမယ့်အရာတွေတစ်ခုချင်းစီအတွက် အချိန်သတ်မှတ်ပြီး သတ်မှတ်အချိန်အတွင်း အပြီးလုပ်ဆောင်တဲ့အခါ မြန်မြန်ဆန်ဆန်နဲ့ လုပ်စရာတွေပြီးစီးမယ့်အပြင် အခြားအရာတွေအတွက်လည်း အချိန်ပိုထွက်လာမှာပဲဖြစ်ပါတယ်။
✅ 1-5 Secound Rule ကိုအသုံးပြုခြင်း
တစ်ခုခုကို စတင်လုပ်ဆောင်ရန်ဝန်လေးနေပါက အသက်ဝဝရှုပြီး စိတ်ထဲမှ 1-5 ရေရွတ်ပြီး 5 ပြည့်ပါက ချက်ချင်းထလုပ်တဲ့နည်းလမ်းက အချိန်ဆွဲခြင်းကို ပျောက်စေနိုင်ပါတယ်။
✅ Social Media & Mobile Phone များကို အသုံးပြုခြင်းကို လျော့ချခြင်း။
မိမိတစ်နေ့တာအတွက် သတ်မှတ်ထားသောTask များလုပ်ဆောင်နေချိန်အတွင်း Social Media & Mobile Phone များကို အချိန်သတ်မှတ်ပြီး Limit နဲ့ အသုံးပြုခြင်းက အချိန်ကုန်တာကို သိသိသာသာ လျော့နည်းစေပါတယ်။
အချိန်ဟာတန်ဖိုးကြီးတဲ့ အရင်းအမြစ်တစ်ခုတဲ့အတွက် လွယ်လွယ်မကုန်စေဘဲ မိမိတို့အတွက်အကျိုးရှိမယ့်အရာတွေ လုပ်ဆောင်နိုင်ဖို့အတွက် Knowledge Sharing အနေနဲ့မျှဝေပေးလိုက်ပါတယ်...✨
Share this Blog?