Self Control ဆိုတာဘာလဲ?

image
Self Control  ဆိုတာကတော့ မိမိတိုရဲ့စိတ်ကူးဆန္ဒများ၊ အမူအကျင့်များနှင့် သဘောထားများကို မမှားယွင်းစေဖိုအတွက် မိမိကိုယ်ကိုထိန်းချုပ်နိုင်စွမ်းဖြစ်ပါတယ်။  Self Control ကောင်းမွန်ခြင်းဖြင့် မိမိတိုရဲ့ဘဝတွေကို ပိုမိုကောင်းမွန်စေပြီး ရည်မှန်းချက်တွေဆီကို လျင်မြန်စွာရောက်ရှိစေနိုင်မှာပဲဖြစ်ပါတယ်။

Self Control ကောင်းမွန်ခြင်းကြောင့်ရရှိနိုင်တဲ့အကျိုးကျေးဇူးတွေကတော့...
- ဆုံးဖြတ်ချက်ချပြီးသည်နှင့်ပြီးမြောက်အောင်လုပ်သည့်အတွက် အချိန်ဆွဲတက်သည့်အကျင့်များ လျော့နည်းလာပြီး အလုပ်များကိုအချိန်တိုအတွင်းပြီးမြောက်အောင်လုပ်နိုင်ခြင်း၊
- မိမိရဲ့စိတ်ခံစားချက်များကို ထိန်းချုပ်နိုင်လာခြင်းကြောင့် ပြဿနာများကိုငြိမ်းချမ်းစွာဖြေရှင်းတက်ပြီး ပေါင်းသင်းဆက်ဆံရေးကောင်းမွန်လာခြင်း၊
- မိမိတိုရဲ့ဘဝကို စည်းကမ်းတကျနေထိုင်နိုင်ပြီး စဥ်းစားဆင်ခြင်နိုင်စွမ်းတိုးတက်လာကာ ကိုယ့်ဘဝရဲ့အဓိကအကျဆုံးသောအရာတွေကို စနစ်တကျဆောင်ရွက်နိုင်မှာပဲဖြစ်ပါတယ်။ ဒါ့အပြင် မိမိကိုယ်ကိုကျေနပ်အားရမှုနှင့်အောင်မြင်မှုများကိုလည်း ရရှိနိုင်စေမှာပဲဖြစ်ပါတယ်။

Self Control ကောင်းမွန်စေရန်အတွက် လိုအပ်တဲ့အချက်များကတော့...
- တစ်ခုခုကို Self Control လုပ်မည်ဆိုပါက ဘာအတွက်ကြောင့်လုပ်ရမယ်ဆိုတဲ့ ရည်မှန်းချက်၊ရည်ရွယ်ချက်အားကောင်းမှုဟာလည်း အခြေခံကျတဲ့အဓိကအချက်ပဲဖြစ်ပါတယ်။ 
- နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ Instant gratification ဆိုတဲ့အလျင်စလိုဆန္ဒများကို ထိန်းချုပ်နိုင်ဖို့ ခဏတာ စိတ်ပျော်ရွှင်မှုနောက်မလိုက်ဘဲ ရေရှည်၊ရည်ရွယ်ချက်များအပေါ် အာရုံစိုက်နိုင်ဖိုလိုအပ်ပါတယ်။
- လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကို ပြီးမြောက်အောင်လုပ်ဆောင်နိုင်ရန်အတွက်  time management လုပ်ခြင်း၊  prioritization မြင့်မားအောင်လုပ်ဆောင်ခြင်း၊ တရားထိုင်ခြင်းအပြင် self discipline ကောင်းမွန်ခြင်းလည်းလိုအပ်ပါတယ်။

ဒါကြောင့် "နေသလိုဖြစ်တဲ့ဘဝမှာ...ဖြစ်သလိုမနေပါနဲ့"  ဆိုတဲ့စကားလေးအတိုင်း မိမိတို့ရဲ့ စိတ်ခံစားချက်များ နောက်မလိုက်ဘဲ အဓိပ္ပာယ်ရှိတဲ့ရှင်သန်ခြင်းဖြစ်ရလေအောင်  မိမိကိုယ်ကို အကောင်းမွန်ဆုံး Self Control လုပ်ပြီးနေထိုင်သင့်ပါကြောင်း အကြံပြုမျှဝေပေးလိုက်ပါတယ်။


Share this Blog?