အလုပ်မလျှောက်ခင်ပြင်ဆင်သင့်တဲ့ အဓိကအချက် (၃)ချက်

image
 🧑‍💻 အလုပ်အကိုင်များရှာဖွေလျှောက်ထားရာတွင် မိမိတို့ လျှောက်ထားလိုသောအလုပ်အကိုင်အခွင့်အလမ်းအတွက်လျှောက်ထားသူ များပြားလာမှုကြောင့် အလုပ်ရရန်အတွက် ပြိုင်ဆိုင်မှုများစွာ ရင်ဆိုင်နိုင်ပါတယ်။ ထိုပြိုင်ဆိုင်မှုများအကြားမှာ မိမိက သူများတွေထက် သာလွန်စေနိုင်ဖို့အတွက် အလုပ်မလျှောက်မီ ပြင်ဆင်ထားသင့်သည့် အဓိကအချက် (၃)ချက်ကို မျှဝေပေးလိုက်ပါတယ်။

၁။  CV Form ပြင်ဆင်ခြင်း 📃
အလုပ်ရှာသူတွေအနေနဲ့ CV Form တစ်ခုပြင်ဆင်တဲ့နေရာမှာ မိမိရဲ့ပညာရေးမှတ်တမ်း၊အလုပ်အတွေ့အကြုံ၊ အတက်အပညာ စသည်တို့ကို အပြည့်အစုံဖြည့်သွင်းပြီး ထားသင့်ပါတယ်။ ဒါ့အပြင်မိမိထံတိုက်ရိုက်ဆက်သွယ်နိုင်မည့် Contact Number၊ Emailလိပ်စာ၊ ကိုယ်ရေးအကျဉ်းတို့ကို တိတိကျကျဖော်ပြပြီး မိမိအလုပ်လျှောက်လိုသောလုပ်ငန်းနှင့်သက်ဆိုင်သော အရည်အချင်းအချက်အလက်များကိုလည်း စနစ်တကျရေးသားဖော်ပြဖို့လိုအပ်ပါတယ်။ CV form တစ်ခုပြုလုပ်ပြီးရင်တော့ Print ထုတ်ပြီး Hard Copyအနေဖြင့် အဆင်သင့်ပြင်ဆင်ထားရန်လိုသလို၊ မိမိဖုန်းထဲမှာလည်း Soft Copy အနေဖြင့် ဆောင်ထားရန်လိုအပ်ပါတယ်။

အလုပ်လျှောက်လွှာ CV Form တစ်ခုကို မိမိဖုန်းထဲကနေ အလွယ်တစ်ကူပြုလုပ်လို့ရမယ့် Platform တွေအကြောင်းကို အောက်ပါ Link မှတစ်ဆင့် အသေးစိတ်လေ့လာနိုင်ပါတယ်။
➡️ https://tinyurl.com/msbufv5s

  ၂။ အင်တာဗျူးအတွက်ပြင်ဆင်ခြင်း 🧑‍💻
အင်တာဗျူးတွင်ပါဝင် ကြောင်း အ ကြောင်းကြားတဲ့အခါ အ ရေးကြီးဆုံးက တော့ မဖြစ်မ နေ ဘာ တွေယူ ဆောင်လာရမလဲကို တစ်ခါတည်းမေးဖို့ လိုအပ်ပါတယ်။  နောက်ပြီးတော့ interview သွားရောက်ဖြေရမယ့်နေရာနဲ့ interview မှာ အသုံးပြုမယ့် Language ၊ Interview ဖြေကြားရမယ့်ပုံစံ ( Eg. လူတွေ့ Viber တန်းဖြေရမှာလား ၊ Test စစ်ဆေးမယ်ဆို စစ်ဆေးမယ့်အကြောင်းအရာတွေ) စတာတွေ အသေးစိတ်မေးမြန်းဖို့ အရေးကြီးပါတယ်။
ထို့ နောက် အင်တာဗျူးသွား သောအခါ မိမိယူ ဆောင်သွားမဲ့အရာတွေကြိုပြင်ဆင်ထားပြီး၊ Test ဖြေရမယ်ဆိုရင် ဖြေရမယ့်အကြောင်းအရာတွေကို ကြိုလေ့လာဖို့လိုပါတယ်။ ထို့အပြင် မိမိကို Interview invite ထားတဲ့ company အကြောင်းကိုလည်း သေချာလေ့လာထားဖို့လည်းလိုပါတယ်။ 

အင်တာဗျူးတွင် အမေးအများသော မေးခွန်များကိုအောက်ပါ Link မှတစ်ဆင့်လေ့လာနိုင်ပါပြီ။
➡️ https://tinyurl.com/39mvmmjm

၃။ ကျွမ်းကျင်မှုများပြန်လည်ဆန်းစစ်ခြင်းနှင့် SKILLS အသစ်များရယူခြင်း  🎓
အလုပ်လျှောက်သူများအနေဖြင့် မိမိ Career ပြောင်းချင်တာဖြစ်ဖြစ်၊ အခြားအလုပ်အကိုင်အခွင့်အလမ်းသစ်တွေ ထပ်မံရှာဖွေတဲ့ အခါ မိမိအလုပ်လျှောက်လိုသောရာထူးနှင့်သက်ဆိုင်သောသင်တန်းများ၊ အသိပညာများကို ကြိုတင်လေ့လာ သင်ယူထားသင့်ပါတယ်။ Onlineမှအခမဲ့သင်တန်းများ Free classများစွာကနေလည်းသင်ယူနိုင်ပြီး အကျိုးရှိရှိအသုံးပြုလိုရပါတယ်။ အခမဲ့သင်တန်းများကို edX ,Coursera စတဲ့ Website များမှတစ်ဆင့် လေ့လာနိုင်ပြီး Language skills  များအတွက် BBC English , Duolingo စတဲ့နေရာများမှတစ်ဆင့်လေ့လာနိုင်ပါတယ်။

အခမဲ့လေ့လာသင်ယူလို့ရမယ့်နေရာလေးတွေကိုတော့ အောက်ပါ Link မှ တစ်ဆင့်ဝင်ရောက်လေ့လာနိုင်ပါတယ်။
➡️ https://tinyurl.com/y6ard2us

သင့်အ နေနဲ့ ယုံကြည်စိတ်ချရ သော Company တိုက်ရိုက် အလုပ်ကိုင်များကို JOIM Platform များမှတဆင့် တိုက်ရိုက်ကြည့်ရှု လျှောက်ထားနိုင်ပါတယ်။


Share this Blog?