လုပ်ငန်းခွင်မှာ social butterfly လေးဖြစ်စေဖို့ဘာတွေလိုအပ်လဲ ?

“ Social butterfly “ ဆိုတာက Idiom စကားတစ်ခုဖြစ်ပြီး လူတွေနဲ့ပေါင်းသင်းဆက်ဆံတဲ့နေရာမှာ တက်ကြွပြီး လူတိုင်းနဲ့ အဆင်ပြေပြေနေထိုင်တတ်တဲ့သူလို့ ဆိုလိုပါတယ်။ လုပ်ငန်းခွင်မှာ social butterfly လေးအဖြစ်နေရင် အလုပ်လုပ်ရတာအဆင်ပြေပြီး စိတ်ဖိစီးမှုနည်းနည်းနဲ့အလုပ်လုပ်နိုင်မှာပဲဖြစ်ပါတယ်။ ✨
လုပ်ငန်းခွင်ကလူတွေနဲ့ တသီးတခြားခွဲထွက်နေလျှင်သော်လည်းကောင်း ပေါင်းသင်းဆက်ဆံဖို့ သီးခြားဆန်နေလျှင်သော်လည်း ကောင်း အလုပ်လုပ်ရာမှာအခက်အခဲရှိနိုင်ပါတယ် ။
လုပ်ဖော်ကိုင်ဖက်တွေနဲ့ တရင်းတနှီးမရှိရင် သင့်ကို “ တစ်ယောက်တည်းသာနေနေတဲ့သူ၊ Team work မကောင်းတဲ့သူ” ဆိုတဲ့အမြင်ရသွားရင် သင်ဟာလုပ်ငန်းတာဝန်ဘယ်လောက်ကျေနေပါစေ အလုပ်နဲ့သက်ဆိုင်တဲ့ Training, Project စတဲ့ အခွင့်အရေးတွေကိုလက်လွတ်ရနိုင်ပါတယ်။🙍🏻
social butterfly လေးဖြစ်ပြီး လုပ်ဖော်ကိုင်ဖက်တိုင်းရင်းနှိးမှုကိုရစေဖို့ 🌟
~ လုပ်ဖော်ကိုင်ဖက်တွေကိုပဲဖြစ်ဖြစ်၊ ခေါင်းဆောင်တွေကိုပဲဖြစ်ဖြစ် – ရိုးသားပွင့်လင်းစွာ စကားပြောဆိုပါ။
မသိနားမလည်တာရှိရင်လည်း မေးမြန်းပါ။✨
~ လုပ်ငန်းခွင်တွင်းရောက်လျှင်လည်း ကြိုဆို၊နှုတ်ဆက်စကားအမြဲပြောပါ။✨
~ နားချိန်တွေမှာတသီးတခြားနေနေတာထပ် Team lunch, Coffee Break, Office Gathering တို့လိုပွဲတွေမှာလည်း ပါဝင်သင့်ပါတယ်။ ဒါမှသာ ခင်မင်ရင်းနှီးမှု ပိုမိုရရှိမှာပဲဖြစ်ပါတယ်ဗျ။ ✨
~ Positive Vibes ပေးတတ်ပြီး Self Confidence အပြည့်ရှိနေပါစေ။✨
~ Situational awareness ကောင်းအောင်လုပ်ပြီး စိတ်ဖိစီးမှုတွေရှိနေရင်တောင် social ကောင်းနိုင်ဖို့ထိန်းနိုင်ပြီး အကန့်ခွဲထားနိုင်အောင်ကြိုးစားသင့်ပါတယ်။✨
~ “နောက်ဆုံးအနေနဲ့ နေနေရတာဟာလူဘဝကြီးဖြစ်တဲ့အတွက် “လူတွေနဲ့ သဟဇာတဖြစ်အောင်နေထိုင်မှသာလျှင် ကိုယ့်ဘဝတက်လမ်းအရှေ့ရောက်ဖို့ လူခင်လူချင်ပေါပြီး မေတ္တာဂရုဏာတွေခံယူနိုင်မှာပဲဖြစ်ပါတယ်ဗျ။ ✨✨
သင်ကိုယ်ရော social butterfly လေးဖြစ်နေပြီလား ? ဒါမှမဟုတ်ကြိုးစားနေတုန်းလားဆိုတာဖြေခဲ့ပါအုံးခင်ဗျာ။💫
Share this Blog?