❌ အလုပ်ရရှိဖို ဒီအချက်တွေမလုပ်မိဖိုတော့လိုမယ်နော်❌
အလုပ်လျှောက်ပြီး အင်တာဗျူးတွေဖြေနေပါလျှက် နှင့် ဘာကြောင့်အလုပ်မရတာလဲ?💭
အလုပ်ရရှိဖိုအတွက် လုပ်ဆောင်သင့်တဲ့ အချက်တွေလည်းရှိသလို ၊ မလုပ်သင့်တဲ့ အချက်တွေလည်းရှိပါတယ်ဗျ။
အလုပ်ရရှိဖိုကြိုးစားနေချိန်အတွင်း မပြုလုပ်သင့်တဲ့ အချက်များကို ဆင်ခြင်နိုင်စေရန် အတွက် Sharing လေးလုပ်လေးလိုက်ပါတယ်ဗျ။
1. CV သိုမဟုတ် Resume တွင် လိုအပ်သောအချက်အလက်များ မပါဝင်ခြင်း။❗️
မိမိရဲ့ CV Form မှာလျှောက်ထားလိုသော အလုပ်ရာထူးနှင့် ကိုက်ညီတဲ့ အချက်အလက်၊ မိမိရဲ့ ကိုယ်ရေးအချက်အလက်များကို ပြည့်စုံစွာဖြည့်စွက်ထားပါက ကြိုတင်မပြင်ဆင်တက်သူ၊လျှောက်ထာတဲ့အလုပ်အတွက် စိတ်ဝင်စားမှုနည်းသူဟု ထင်မှတ်ခံရနိုင်ပါတယ်။
2. CV Form တွင်မလိုအပ်သော အချက်အလက်များပါဝင်နေခြင်း။❗️
အလုပ်ရချင်စိတ်များပြီး လျှောက်ထားသော အလုပ်နှင့်မသက်ဆိုင်သော သင်တန်းလက်မှတ်များ နှင့် အခြားအချက်အလက်များ များပြားစွာဖြည့်သွင်းထားပါက အင်တာဗျူးသူဘက်မှ မိမိလျှောက်လှမ်းသော Career နှင့်ပတ်သတ်ပြီး မှားယွင်းကောက်ချက်ချမိခြင်းနှင့် Career အကူးအပြောင်းများသောသူအဖြစ် ထင်မှတ်ခြင်းများဖြစ်နိုင်သည့်အတွက် လျှောက်ထားသော အလုပ်နှင့်ကိုက်ညီနိုင်မည့် အချက်များသာ CV Form တွင် ထည့်သွင်းပေးရန်လိုအပ်ပါတယ်။
3. CV Form ကို သေသပ်စွာ မပြင်ခြင်း။📝
အလုပ်ရရှိရန်အတွက် သေသပ်သော CV Form ဖြင့် လျှောက်ထားရန်လိုအပ်ပါတယ်။ ယနေ့ခေတ်က IT ခေတ်ဖြစ်တာကြောင့် မိတ္တူဆိုင်မှ CV Form များအစား မိမိဖုန်းဖြင့်အလွယ်တကူပြင်ဆင်နိုင်သော CV Builder များဖြင် သေသပ်စွာပြင်ဆင်ပြီးလျှောက်ထားခြင်းက မိမိ၏ CV Form ကို HR နှင့် Recruiter များ စိတ်ဝင်စားမှုပိုမိုမြင့်တက်နိုင်ပါတယ်။
4. အင်တာဗျူးအတွက် အစီအစဉ်မရှိခြင်း။ 💁🏻
အလုပ်ခေါ်ဆိုသည့် ကုမ္ပဏီမှ အင်တာဗျူးဖြေဆိုမည့် အချိန်နဲ့ ရက်ကို ပြောကြားထားပေမယ့် မိမိဘက်က မမှတ်မိတာ၊ ကြိုတင်မပြင်ဆင်ထားတာ မျိုးမရှိတာ၊ အချိန်နောက်ကျနေတာမျိုးဖြစ်တဲ့အခါ အင်တာဗျူးသူဘက်မှ မိမိဟာ ဒီအလုပ်အပေါ် စိတ်ဝင်စားမှုမရှိ ၊ ပေါ့လျော့ တက်သူဟုထင်ရစေနိုင်ပါတယ်။
5. ဝတ်စားဆင်ယင်မှု မသင့်တော်ခြင်း။👔
" လူမှာအဝတ် တောင်းမှာအကွတ် " ဆိုတဲ့အတိုင်း မိမိအလုပ်အတွက် အင်တာဗျူးဖြေဆိုတဲ့အခါ သန့်ရှင်းသပ်ရပ်တဲ့ အဝတ်ကိုပဲဝတ်ဆင်သင့်ပါတယ်။ဒါမှလည်း တစ်ဖက်ကိုယ် လူအပေါ် အလေးအနက်ထားကြောင်းပေါ်လွင်စေပြီး အမှတ်ပိုရမှာပဲဖြစ်ပါတယ်။
6. အင်တာဗျူးဖြေဆိုသည့်အခါ စိတ်ပါဝင်စားစွာ မဖြေဆိုခြင်း။🙅🏻
အင်တာဗျူးမေးခွန်များအတွက် ကြိုတင်ပြင်ဆင်မှုမရှိတာ ၊ အင်တာဗျူးသူမေးသမျှကို တက်ကြွစွာမဖြေဆိုတာမျိုးပြုလုပ်မယ်ဆိုရင် အင်တာဗျူးသူမှ ကုမ္ပဏီနှင့် အလုပ်အကြောင်း စိတ်ဝင်စားမှုမရှိဟုထင်ပြီး အလုပ်ရရှိဖို အခွင့်နည်းပါတယ်ဗျ။
7. အင်တာဗျူးမတိုင်ခင် Company အကြောင်းကြိုတင်မလေ့လာခြင်း။🤷🏻
"Company အကြောင်းဘယ်လောက်သိသလဲ" ဆိုသောမေးခွန်းသည် အင်တာဗျူးများတွင်မေးလေ့ရှိသော မေးခွန်းတစ်ခုပဲဖြစ်ပါတယ်။ အလုပ်ရှင်၊ HR အများအနေဖြင့် မိမိတိုCompanyတွင် လုပ်ကိုင်ရန် ဘယ်လောက်စိတ်ဝင်စားမှုရှိလဲဆိုတာ သိချင်ကြတဲ့အတွက် အင်တာဗျူးမဖြေဆိုခင် ကြိုတင်လေ့လာသွားရန်လည်းလိုအပ်ပါတယ်။
နောက်ထပ်အကြံပြုချင်တာကတော့ မိမိလျှောက်ထားသောအလုပ်ရဲ့ တာဝန်များနှင့် တိုးတက်မှုများကို မစဉ်းစားဘဲ လစာနှင့်အခွင့်အရေးကိုပဲ ဦးစားပေးခြင်း၊ အလုပ်မလျှောက်ခင် မိမိလျှောက်ထားလိုတဲ့ Company ၏ Job Description ကိုမဖတ်ဘဲ ကိုယ့်အရည်အချင်းနဲ့ မကိုက်ညီတဲ့ အလုပ်ကိုလျှောက်ထားမိခြင်း၊အင်တာဗျူးနှင့်မသက်ဆိုင်သည့် စကားများပြောဆိုခြင်းတိုကိုလည်း ဆင်ခြင်သင့်ပါတယ်။ ✨✨
ဒီလိုအချက်တွေကို ဆင်ခြင်ရှောင်ကျဉ်ခြင်းဖြင့် အလုပ်အကိုင်အခွင့် အလမ်းတွေပိုမိုရရှိလာမှာပဲ ဖြစ်ပါတယ်ဗျ။
Share this Blog?