လုပ်ငန်းခွင်မှအဖိုးတန်ဝန်ထမ်းများရဲ့ လျိုဝှက်ချက်🔏

‘’ Do your work with love, and you'll experience the best results and the joy of it. ‘’ ရာထူးနေရာတစ်ခုကိုရရှိပြီးအဖိုးတန် ဝန်ထမ်းတစ်ယောက်ဖြစ်ဖို့ သူလုပ်နေတဲ့ အလုပ်ကို တာဝန်ယူမှုတာဝန်ခံမှုရှိစွာနဲ့ လုပ်ဆောင်တတ်ပြီး ကိုယ့်အလုပ်ကိုချစ်မှသာလျှင် ဒီလိုနေရာကိုရရှိမှာပါဗျ။🏆
♟ ကိုယ့်ကြိုးစားမှုနဲ့ ထိုက်တန်တဲ့ ရလာဒ်ကိုပြန်ပေးစွမ်းနိုင်တဲ့ အလုပ်နေရာတစ်ခု ကိုရွေးချယ်နိုင်ဖိုလည်းလိုပါတယ်။ မိမိနဲ့ကိုက်ညီတဲ့လုပ်ငန်းခွင်မှာ ကိုယ့်ဘက်ကသာ အဘက်ဘက်ကပြည့်စုံအောင် ကြိုးစားပြီး တော်လွန်းနေမယ်ဆိုရင်မိမိရဲ့ အထက်လူကြီး/သူဌေးတွေရဲ့ ယုံကြည်အားကိုမှုကိုရရှိပြီး လုပ်ငန်းကနေ လက်လွတ်ခံမှာမဟုတ်ပါဘူးဗျ။ ဘာကြောင့်လဲဆိုရင် ဝန်ထမ်းကောင်းတစ်ယောက်ရှိတာဟာ အဲဒီလုပ်ငန်းအတွက် အကြီးမားဆုံးရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်တဲ့အတွက်ပဲဖြစ်ပါတယ်။✨
ဒီလိုမျိုး လုပ်ငန်းခွင်မှအဖိုးတန် ဝန်ထမ်းကောင်းတစ်ယောက်ဖြစ်စေဖို အတွက်ဆိုရင်..✨
1. တာဝန်ယူမှုတာဝန်ခံမှု 💯
ကိုယ်တာဝန်ယူရတဲ့ အလုပ်တစ်ခုကို အေးဆေးတည်ငြိမ်စွာ လုပ်ကိုင်နိုင်ရမှာဖြစ်ပြီး ကြုံလာတဲ့ ပြဿနာတွေကို ခေါင်းအေးအေးထားဖြေရှင်း နိုင်ရပါမယ်ဗျ။ ဆင်ခြေ တွေပဲပေးတက်တဲ့လူမျိုးဆိုရင်တော့ဘယ်သူမှမကြိုက်ကြပါဘူးဗျ။ ဒါ့အပြင်ကုမ္ပဏီရဲ့ ချမှတ်တဲ့ စည်းမျည်းစည်းကမ်းကိုလေးစားတတ်ပြီး လိုက်နာနိုင်ရပါမယ်ဗျ။ 💡
2. Be Professional 💎
လုပ်ငန်းခွင်ဟာအိမ်မဟုတ်တဲ့ အတွက် ကိုယ်ရဲ့ စိတ်အခြေအနေတိုင်းနေလို့ရမှာတော့မဟုတ်ပါဘူးဗျ။ ကိုယ်ဘယ်လောက်ပဲ အဆင်မပြေဖြစ်နေပါစေ ကိုယ်ရဲ့လုပ်ငန်းခွင်မှာတော့ အကောင်းမွန်ဆုံး ပြုမူဆက်ဆံသင့်ပါတယ်။ အလုပ်လုပ်တဲ့နေရာမှာလည်း ခိုကပ်နေတက်ရင်လည်း အဆင်မပြေနိုင်တဲ့ အတွက် ကိုယ့်ရဲ့ အလုပ်တာဝန်တွေကိုအကောင်မွန်ဆုံးလုပ်နိုင်တဲ့အထိကြိုးစားပါဗျ။ 🌟
3. အမြဲတမ်း Growth Mindset ကိုထားပါ။ ⬆️
ကိုယ့်နာမည်ကြားလိုက်တာနဲ့ သူကအလုပ်ကြိုးစားတဲ့လူ အောင်မြင်ဖိုပဲ ရည်မှန်းချက်ကြီးနေသူဆိုပြီးတွဲသိနေတဲ့အထိကြိုးစားပါ။ မသိမတက်သေးတဲ့ ပညာရပ်တွေ အလုပ်မှာသင်ယူစရာတွေကို မာန်မာနမထားဘဲသင်ယူပြီး တစ်ဖက်အတွေ့အကြုံရှိသူတွေတွေဘက်က လက်တွဲခေါ်ချင်စိတ် ရှိအောင်နေရပါမယ်ဗျ။
4. အသင်းအဖွဲ့အပေါ်လေးစားပါ။🤝
ကိုယ်နဲ့တွဲပြီး အလုပ်လုပ်နေရတဲ့ လူတွေနဲ့ ရင်းနှီးကျွမ်းဝင်ပြီး ပူးပေါင်းလုပ်ဆောင်နိုင်ရပါမယ်။ ကိုယ့်တစ်ဘို့တည်းကြည့်တက်တာထပ် အများအကျိုးကို ကြည့်တက်ရပါမယ်ဗျ။ 💫
5. Positive Thinking ရှိပါစေ။ ➕💭
အထက်လူကြီးတွေမှ ကိုယ့်ရဲ့ အမှား တွေကိုထောက်က်ပြတဲ့ အခါ Positive Thinking ဖြင့်အကောင်းဘက်ကနေသာတွေးပြီး ကိုယ့်လိုအပ်ချက်တွေကို ပြင်ဆင်တက်ရပါမယ်။ လုပ်ဖော်ကိုင်ဖက်တွေမှ ဝေဖန်အကြံပြုတဲ့ အခါဆိုရင်လည်း ထိုနည်းလည်းကောင်း ပါပဲဗျ။🌟
🎯ဒီနည်းလမ်းတွေကိုအသုံးပြုပြီးလုပ်ငန်းခွင်မှာ လူတကာထပ်သာတဲ့ တန်ဖိုးရှိတဲ့ စံပြတစ်ယောက်ဖြစ်အောင် ကြိုးစားလိုက်ပါ။ နောက်အပတ်မှာလည်း Knowledge sharing လေးတွေတင်ပေးသွားအုံးမှာဖြစ်လို ဆက်လက်စောင့်ကြည့်ပေးပါအုံးဗျ။ 💪🚀
#ProfessionalGrowth #EmployeeGoals #TeamworkWins #JOIM #JOIM_Team #Job_Opportunities_in_Myanmar
Share this Blog?