ရုံးဝန်ထမ်းများအတွက် Time Management
ကျွန်တော်တို့လို ရုံးဝန်ထမ်းတွေ ဆိုတာ မနက်မိုးလင်းတာနဲ့ ရုံးသွားဖို့ပြင်ရ ၊ ဖယ်ရီမရတဲ့ရုံးတွေဆိုရင် ဘက်စ်ကားတိုးစီးပြီး ကားပိတ်တဲ့ ဒဏ်တွေလည်းခံပြီးမှသာရုံးသွားလို့ရကြတာပါ။ အဲဒီလိုပဲ အချိန်တွေဟာ ကုန်သွားပြီး ရုံးဆင်းပြန်တော့လည်း အိမ်ရောက်တာနဲ့ ပင်ပန်းပြီးအိပ်၊ မနက်မိုးလင်း ရုံးသွားဖို့ပြန်လုပ်နဲ့ တစ်နေ့တစ်နေ့ အချိန်တွေကုန်မှန်းမသိ ကုန်သွားရတာပါပဲ။ 🙍🏻
ကျွန်တော်တို့ရဲ့ ငယ်ရွယ်နုပျိုတဲ့ အချိန်တွေကို ဒီလိုကုန်မှန်းမသိ ကုန်သွားတာမျိုး မဖြစ်ရအောင် တစ်နေ့တာကို အကျိုးရှိရှိအသုံးချနိုင်မဲ့ နည်းလမ်းလေးအချို့ကို Sharing ပေးပါမယ်ဗျ။🌟
📝 ညမအိပ်ခင် 15 မိနစ်လောက်အချိန်ယူပြီး မနက်ဖြန်လုပ်ရမဲ့အရာတွေကို Schedule လုပ်ပြီးရေးချပါ။ 📝
ဒီလို ရေးထားမယ်ဆိုရင်တော့ နောက်နေ့မနက်ရောက်တဲ့အခါ ကိုယ်လုပ်စရာရှိတဲ့အလုပ်တွေကို ထိထိမိမိနဲ့ ပြီးမြှောက်အောင် လုပ်နိုင်မှာပဲဖြစ်ပါတယ်ဗျ။
⏳ Pomodoro Technique ကိုသုံးပါ။ ⏳
အဲဒါကတော့ 25မိနစ် အာရုံစိုက်ပြီးအလုပ်လုပ် ၊ 5 မိနစ်နားပုံစံပါဗျ။ ဒီလိုမျိုး 4 ကြိမ်လောက် ပြုလုပ်ပြီးရင်တော့ 15 မိနစ် , မိနစ် 30 လောက်အနားယူလိုက်ပါဗျ။ Pomodoro Technique ရဲ့အကျိုးကျေးဇူးကတော့ အာရုံစူးစိုက်မှုကောင်းပြီး Regular breaks ကြောင့် စိတ်မပင်ပန်းဘဲ productivity တိုးစေပါတယ်။
✏️ အလုပ်မလုပ်တဲ့အချိန်ကိုတိတိကျကျအသုံးချပါ။ ✏️
ဘက်စ် ကားစီးချိန် တွေ ၊ Lunch break တွေမှာ အချိန်မဖြုန်းဘဲ podcast တွေနားထောင်တာ ebook ဖတ်တာမျိုးတွေလုပ်ပြီး အကျိုးရှိရှိအသုံးချသင့်ပါတယ်ဗျ။ ညဘက်မအိပ်ခင် ကျန်ရှိနေတဲ့အချိန်တွေကိုလည်း Learning လုပ်ပြီး အနားယူတဲ့အချိန်ကြရင်လည်း အပြည့်အဝအနားယူလိုက်ပါ။ ရုံးကအလုပ်တွေ အိမ်အထိမပါဖို့ကလည်း အရေးကြီးပါသေးတယ်။
📱 Time Managementလုပ်ဖို့ကောင်းတဲ့ App များ
✅ 1. To do list
• 📌 Task list, Reminders, Priority system ဖြစ်လို့ အသုံးပြုရအဆင်ပြေပါတယ်ဗျ။
✅ 2. Google Calendar
Schedule planning, event reminders, daily view အတွက်သုံးဖို့သင့်လျော်ပါတယ်ဗျ။
✅ 3. Forest 🌱 (Pomodoro-based)
• 📌 Focus လုပ်ဖို့ အပင်လေးစိုက်ရင်း Timer မှတ်ထားလို့ရတဲ့ Appလေးတစ်ခုဖြစ်လို့ အချိန်ကုန်မှန်းမသိကုန်သွားပြီး အလုပ်ပြီးမြှောက်စေမှာပါ။
✅ 5. Notion
📌 ဒီ Appလေးကတော့ Content Creator တွေအတွက် ပိုပြီးအသုံးဝင်ပြီး Notes , Tasks, Calendars တွေကို တစ်နေရာထဲမှာ မှတ်ထားနိုင်မှာပဲဖြစ်ပါတယ်။
အလုပ်တွေကိုအစီအစဉ်တကျလုပ်ကိုင်ရင်းနဲ့ အလုပ်မဟုတ်တဲ့ အလုပ်တွေကိုလည်း No ပြောဖို့မမေ့ပါနဲ့ဗျ။
အလုပ်နဲ့အိမ် ၊ အိမ်နဲ့ အလုပ်လုပ်နေရင်းကနေ ကိုယ့်ရဲ့ ပြန်မရနိုင်တော့တဲ့ အချိန်တွေကိုမကုန်ဆုံးသွားစေဖို့ Time Management ကောင်းကောင်းနဲ့ နေ့စဉ်ဖြတ်သန်းကြသင့်ပါတယ်။
Share this Blog?