အင်တာဗျုးခန်းထဲ အမေးများဆုံးမေးခွန်း (9)ခု

image

Come to the Interview room - အင်တာဗျုးခန်းသို့လိုက်ခဲ့ပါခင်ဗျ

Q.1 Tell me about yourself ..?
သင့်အကြောင်းကိုပြောပြပါ!

လူကြီးမင်းများဗျ သင့်အကြောင်းကိုစပြီးမိတ်ဆက်ခိုင်းရင် နာမည်လောက်မိတ်ဆက်ပြီးတာမျိုးမဟုတ်ဘဲ ကိုယ့်ရဲ့ နာမည် နေတဲ့ နေရာ၊ပညာရေး စတဲ့ အကြောင်းအရာလေးတွေနဲ့ စပြီး မိတ်ဖွဲ့ပြောဆိုဖို့လိုအပ်ပါတယ်ခင်ဗျ။
ကိုယ့်ရဲ့ ကျွမ်းကျင်မှုတွေ အလုပ် exp တွေ .. ကိုယ်ဒီအလုပ်အပေါ်ကို ဘယ်လောက်စိတ်၀င်စားမှုရှိလဲ ဆိုတာတွေ ပြောပြပေးပါဗျ
ဒီQuestion လေးက interview တိုင်းရဲ့ 1st question အနေနဲ့ အမေးများတဲ့ အတွက်ကြောင့်interviewer နဲ့ candidate ကြားရင်နှီးမှု ပိုရစေရန် ကိုယ့်အကြောင်းပွင့်လင်းဖော်ရွေစွာပြောပြချင်းသင့်ပါတယ်။
ကိုယ်နဲ့ interviewr ကြား ပိုမိုရင်နှီးလာတဲ့အခါ interview အတွင်းက stress ကိုလျော့ချနိုင်ပြီးinterviewr နဲ့ communication ကို ပိုမို ကောင်းမွန်စေပါတယ်။

HG3CcOj.jpg

Q2: Why should I hire you ?
ငါတို့ မင်းကို ဘာလို့ အလုပ်ခန့်သင့်လဲ?

-လူကြီးမင်းများဗျ ဘာလိုသင့်ကိုအလုပ်ခန့်သင့်လဲဆိုတဲ့ မေးခွန်းကိုဖြေဖို့ ကျွန်တော်တို့အားလုံး Confident ရှိဖို့လိုအပ်ပါတယ်။
-ထိုအလုပ်ခေါ်စာမှာပါတဲ့ Job Description အသေးစိတ်ကို လုပ်နိုင်ကြောင်း ချဲ့ထွင်ပြီးပြောရမှာဖြစ်ပါတယ်။
- Job Requirement မှာ တောင်းဆိုထားတဲ့ အချက်တွေဟာ ကျွန်တော်နဲ့ကိုက်ညီမှုရှိကြောင်းတွေကိုအသေးစိတ်ရှင်းပြရမှာဖြစ်ပါတယ်ခင်ဗျ။
-ကျွန်တော်တို့ လျှောက်တဲ့ position နဲ့ပတ်သတ်တဲ့ လုပ်ငန်းအတွေ့အကြုံ တွေ ၊ တက်ထားဖူးတဲ့သင်တန်းတွေ ၊ လေ့လာဖူးတဲ့ အကြောင်းအရာတွေကို interviewer သိအောင်အသေးစိတ်​ပြောပြပြီး ဒီ Position က မိမိနဲ့ ကိုက်ညီကြောင်းရှင်းပြပေးရမှာ ဖြစ်ပါတယ်ခင်ဗျ
-ကျွန်တော်ရဲ့ အတွေ့အကြုံတွေ သင်ယူနိုင်မှုတွေကို အစ်ကိုတို့ အစ်မတို့ လမ်းပြပေးမှုနဲ့ အကောင်းဆုံးလုပ်နိုင်မယ်လို့ယုံကြည်ချက်ရှိရှိနဲ့ဖြေဆိုရမှာဖြစ်ပါတယ်ခင်ဗျ။

Upsn2Qt.jpg

Q3: What are your strengths?
သင့်ရဲ့အားသာချက်တွေကဘာတွေလဲ?

လူကြီးမင်းများဗျ သင့်ရဲ့အားသာချက်တွေကဘာတွေလဲမေးခဲ့ရင်တော့ ‌
-အလုပ်ကိုကြိုးကြိုးစားစားလုပ်တတ်ပြီး အခက်အခဲဘယ်လိုရှိရှိ ကြိုးစားလုပ်တတ်ကြောင်း၊
-လူအများနဲ့ လိုက်လျောညီထွေမှုရှိကြောင်း၊
-Team Work နှင့်အတူ အလုပ်အတူတကွလုပ်တတ်ကြောင်း
-မိမိကိုယ်ကို ယုံကြည်မှုအပြည့်ရှိပြီး team work နဲ့သာမက individual လည်းလုပ်ဆောင်နိုင်ကြောင်းစသော အကြောင်းအရာများကို ယုံယုံကြည်ရှိရှိနဲ့ ပြောဆိုရမှာဖြစ်ပါတယ်ခင်ဗျ။

ox08zXC.jpg

Q4: What are your weakness? 
သင့်ရဲ့အားနည်းချက်တွေကဘာတွေလဲ?

လူကြီးမင်းများဗျ သင့်ရဲ့အားနည်းချက်တွေကဘာတွေလဲမေးခဲ့ရင်တော့ ‌
-တောကီအရမ်းကောင်းကြောင်းတွေ၊
-စိတ်ရှည်လက်ရှည် Customer ကိုရှင်းပြဖို့ စိတ်ရှည်တတ်လွန်းတာတွေကို ယုံကြည်ချက်ရှိစွာပြောဆိုပါဗျ။
သတိပြုစရာလေးက ကိုယ့်အားနည်းချက်ကိုဖော်ပြတဲ့အခါ ကိုယ့်ရဲ့ ကောင်းမွန်တဲ့ အားနည်းချက်လေးတွေသာဖော်ပြပါဗျ။

53PWsau.jpg

Q5: What are your career goals?
မင်းရဲ့ ပန်းတိုင်ကဘာဖြစ်မလဲ?

လူကြီးမင်းများဗျ ဒီမေးခွန်းအတွက်မေးလာခဲ့ရင်တော့ လူကြီးမင်းတို့အဖြေက
-ယခုလျှောက်ထားသော အလုပ်နှင့် Company ကို ထည့်ပြီးပြောဆိုပေးရမှာဖြစ်ပါတယ်ခင်ဗျ။
-လူကြီးမင်းတို့အနေဖြင့် ယခုလျှောက်ထားသောအလုပ်ရာထူးလေးဖြင့် အလုပ်ကိုဘယ်လိုကြိုးစားသင်ယူမယ်ဆိုတဲ့ Short Term Goals လေးကို အရင်ပြောဆိုပေးရမှာဖြစ်ပါတယ်။
- ရေရှည်မှာ လူကြီးမင်းတို့အနေဖြင့် ထို Company ရဲ့ထိုက်သင့်တဲ့နေရာထိရောက်အောင် ဘယ်လိုကြိုးစားသင့်ယူမယ်ဆိုတဲ့ Long term goals ကိုထည့်ပြောပေးရမှာဖြစ်ပါတယ်ခင်ဗျ။
မိမိရဲ့ goals တွေကို ပြောပြသည့်နေရာတွင် စိတ်အားထက်သန်မှု ရှိရှိနဲ့ ယုံကြည်ချက်အပြည့်ဖြင့် ပြောဆိုမှသာလျှင် မိမိ သည် goalကို ရောက်အောင်သွား မယ့်သူဆိုတာ interviewer က သိရှိနိုင်မှာ ဖြစ်ပါသည်။

A7N5LUw.jpg

Q 6: Why do you want to work with our company?
ဘာကြောင့် ငါတို့ ကုမ္ပဏီနဲ့ အလုပ်တွဲလုပ်ချင်တာလဲ?

ထိုမေးခွန်းမျိုးမေးလာခဲ့ရင်တော့ လူကြီးမင်းတို့အနေဖြင့် ထို Company ရဲ့ အားသာချက်လေးတွေကိုရှာဖွေပြီး၊ ထို Company အကြောင်းကို လူကြီးမင်း စသိခဲ့တဲ့အချိန်နဲ့ ထို Company မှာ အလုပ်ရဖို့ စောင့်ဆိုင်းနေကြောင်းတွေ စသော အကြောင်းအရာများကို သေချာလေး ထိထိမိမိရှင်းပြပေးရမှာဖြစ်ပါတယ်ခင်ဗျ။

4f7qxIX.jpg

Q 7: What are your salary requirements?
မင်းရဲ့မျှော်မှန်း လစာကကော?

လူကြီးမင်းများဗျ ထိုမျှော်မှန်းလစာကို မြန်မာနိုင်ငံအနေအထားအရ Company အသီးသီးကချမှတ်ထားသော လစာနှုန်းထားများဟာမတူညီတာကြောင့် ဖော်ပြဖို့ ပြောပြဖို့ရာ ခက်ခဲပါတယ်ခင်ဗျ။ Experience ရှိပြီး Professional လုပ်ကိုင်သူများအနေဖြင့် ထိုက်သင့်တဲ့ လစာကို ပြောဆိုဆွေးနွေးလို့ရပါတယ်ခင်ဗျ။ ဒါပင်မဲ့ Fresh Graduate တွေ Entry Level တွေအနေဖြင့် မျှော်မှန်းလစာလို့ မေးလာခဲ့ရင် Company သတ်မှတ်ပေးတဲ့ လစာအတိုင်းလို့ဖြေလိုက်တာ ပိုပြီးသင့်တော်ပါတယ်ခင်ဗျ။ အဲ့တာဆို တစ်ဖက်မှာသူတို့ပေးနိုင်တဲ့ ပမာဏာကိုကြည့်ပြီး လုပ်သင့်မလုပ်သင့် ဆုံးဖြတ်လို့ရပါတယ်ခင်ဗျ။ 

tNdHe8b.jpg

Q 8: Why are you looking for job change?
အလုပ်ပြောင်းဖို့ ဘာကြောင့်ရှာ‌ဖွေနေတာလဲ?

လူကြီးမင်းများဗျ ထိုမေးခွန်းမျိုးမေးလာခဲ့ရင် လူကြီးမင်းရဲ့အဖြေဟာ အရမ်းအရေးကြီးပါတယ်ဗျ။
-Negative Feedback တွေနဲ့ ယခင်အခုအလုပ်တွေကို မပြောမိဖို့လိုပါတယ်ခင်ဗျ။
-ပထမဦးဆုံး အရင် Company ရဲ့ကောင်းကွက်လေးတွေကို အခုလျှောက်မဲ့ Company အသစ်ရဲ့ရှေ့မှာ ပြောဆိုပေးပါခင်ဗျ။
-ဘာကြောင့် အရင်အလုပ်ထွက်လိုက်ရလဲဆိုတဲ့ အကြောင်းပြချက်ဟာ အခုအလုပ်ကိုလျှောက်ရတဲ့ အကြောင်းပြချက်နဲ့ ကိုက်ညီဖို့လိုအပ်ပါတယ်ခင်ဗျ။
(ဥပမာ အရင်အလုပ်က ဝါသနာမပါတဲ့အလုပ် ဖြစ်တာကြောင့်၊ ယခုအလုပ်က ဝါသနာပါပြီး စောင့်ဆိုင်းနေရတဲ့အလုပ်ဖြစ်ကြောင်းကို ပြောဆိုပေးပါဗျ။)
-မတူညီတဲ့ filed တစ်ခုကို career ပြောင်းတဲ့သူဆိုလည်း အခု career ဘာကြောင့်ပြောင်းချင်တာလဲ ဆိုတဲ့အကြောင်း
-ပြောင်းမယ့်career ကိုဘယ်လောက်ထိ passion ဖြစ်ပြီး အဆုံးထိ လျှောက်လှမ်းချင်တဲ့ သူဆိုတာကို အသေအချာရှင်းပြဖို့လိုအပ်ပါတယ်ခင်ဗျ
(Career မကြာခဏ ပြောင်းတတ်တဲ့သူ မဖြစ်ဖို့တော့လိုပါတယ်ဗျ) 

o3WF6W7.jpg

Q9: Finally, do you have any questions to ask me?
နောက်ဆုံးအနေနဲ့ မင်းငါ့တို့ကိုမေးစရာမေးခွန်းတွေရှိ‌သေးလား။

လူကြီးမင်းများဗျ တစ်ဖက် အင်တာဗျုးသမားများက နောက်ဆုံးအနေနဲ့မေးစရာများရှီသေးလားလို့ မေးလာခဲ့ရင်
-လူကြီးမင်းတို့အနေဖြင့် လစာကိုနောက်ဆုံးမှမေးပါခင်ဗျ၊
-အရင်ဦးဆုံး အင်တာဗျူးသမားများကို ကျေးဇူးတင်ဖို့လိုအပ်ပါတယ်ခင်ဗျ။
-ပြီးတော့ အလုပ်အချိန်နဲ့ အလုပ်ဆင်းရမဲ့ နေရာတွေ Ferry တွေအကြောင်းမေးမြန်းပါဗျ။
-ရာထူးတိုးမြှင့်ပေးမယ် အစီအစဥ်
(Promotion plan) ကိုလည်းမေးမြန်းနိုင်ပါသည်။
- မိမိကြိုးစားရင် ဘယ်နေရာ အထိတက်လှမ်းနိုင်မလဲဆိုတာ သိရှိထားလျှင် မိမိအတွက်အဆင်ပြေမပြေ ချင့်ချိန်နိုင်ပါသည်။
-နောက်ဆုံးအနေနဲ့မှ လစာအကြောင်း မေးမြန်းလို့ရပါတယ်ခင်ဗျ။
-အဆုံးသတ်ပြီးသွားရင် ကျေးဇူးတင်ကြောင်းနဲ့အဆုံးသတ်ပါခင်ဗျ။

C5trksA.jpg

အဆုံးထိဖတ်ပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်ဗျ။
-မိမိကိုယ်ကို ယုံကြည်မှုအပြည့်ရှိခြင်း
-လျှောက်ထားသည့်position အပေါ် ရလိုသည့်စိတ်အားထက်သန်မှု ရှိခြင်း
-စကားပြော​ ပြေပြစ်ခြင်း နှင့် ရှင်းလင်ပြတ်သားစွာ စကားပြောဆိုတတ်ခြင်း
-အဝတ်အစား သန့်ရှင်းသပ်ရပ်ခြင်း
-လိုအပ်သော document အစုံအလင် ယူဆောင်သွားခြင်း စသောအချက်များက interview အောင်မြင်ဖို့အတွက် အထောက်အကူကောင်းများဖြစ်စေပါတယ်ဗျ

သင့်အ​နေနဲ့ ယုံကြည်စိတ်ချရ​သော Company တိုက်ရိုက် အလုပ်ကိုင်များကို JOIM Platform များမှတဆင့် တိုက်ရိုက်ကြည့်ရှု​လျှောက်ထားနိုင်ပြီဖြစ်ပါတယ်။

🔹𝗝𝗢𝗜𝗠 𝗪𝗲𝗯𝘀𝗶𝘁𝗲 
🔹𝗝𝗢𝗜𝗠 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 𝗣𝗮𝗴𝗲  
🔹𝗝𝗢𝗜𝗠 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 𝗖𝗵𝗮𝗻𝗻𝗲𝗹  
🔹𝗝𝗢𝗜𝗠 𝗟𝗶𝗻𝗸𝗲𝗱𝗜𝗻 𝗣𝗮𝗴𝗲 
🔹𝗝𝗢𝗜𝗠 𝗩𝗶𝗯𝗲𝗿 𝗖𝗵𝗮𝗻𝗻𝗲𝗹  

ကောင်းမွန်သော အလုပ်အကိုင်လေးများ ရရှိနိုင်ကြပါစေခင်ဗျ။
JOIM Teams ❤️

mPQ6ut2.jpg

Share this Blog?