အလုပ်ခေါ်စာတွေမလျှောက်ခင် အရင်စစ်ဆေးဖို့လိုအပ်သောအချက်(4)ချက်.....!!!

image

JOIM မှ အလုပ်ရှာသူများကို အလုပ်လျှောက်တဲ့အခါ သတိပြုရှောင်ရှားသင့်သည့်အချက်များအား‌ ဖော်ပြပေးလိုက်ပါတယ် . . .✨✨
အလုပ် Group တော်တော်များများမှာ လိမ်လည်ပြီးခေါ်ဆိုမှုများစွာရှိတယ် အဲ့တာကြောင့် အလုပ်တွေကိုတန်းမလျှောက်ပါနဲ့ Company Direct အလုပ်ခေါ်စာဟုတ်မဟုတ် အရင် စစ်ဆေးပြီးမှလျှောက်ကြပါ။
JOIM မှာဆိုရင် ဝန်ထမ်းတွေ ထိခိုက်စေနိုင်သော ကုမ္ပဏီများနှင့် JOIM Term and Conditions နဲ့ မညီသော ကုမ္ပဏီများကို Approve မပေးဖြစ်ဘူးဗျ၊ Accept လုပ်ပြီးမှ မကိုက်ညီပါက ကုမ္ပဏီများကို စာချုပ်ရပ်ဆိုင်းပြီး JOIM ဘက်ကငွေပြန်အမ်းပြီး လက် မတွဲတော့တာတွေရှိပါတယ်။
ဒါကြောင့် အလုပ်ရှာသူများဗျ အလုပ်ခေါ်စာတိုင်းက အလုပ်ခေါ်စာမဟုတ်ပါဘူး ဒါကြောင့် အလုပ်ခေါ်စာတွေကို တန်းမလျှောက်ပါနဲ့ Company Direct အလုပ်ခေါ်စာဟုတ်မဟုတ် စစ်ဆေးဖို့လိုပါတယ် . . .

အလုပ်ခေါ်စာတစ်ခုမှာ ပါဝင်သင့်တဲ့ အကြမ်းအားဖြင့်....

1️⃣ Company Name ပါရမည်။
ထို Company Name ကို Facebook Search မှာရှာကြည့်ပါ ၊ ထို Company ရဲ့ Information တစ်ခုခု ရှိ၊မရှိ စစ်ဆေးနိုင်သလို Facebook Page မရှိသော Company များကို Google (DICA) မှာ ‌ရှာလို့ရပါတယ်။ အဲ့လိုနည်းနဲ့ Company Name မှန် / မမှန်စစ်ဆေးလို့ရပါတယ်။

2️⃣ Company လိပ်စာ ပါရမည်။
ထို Company Name ကိုရှာကြည့်တဲ့အခါ အလုပ်ခေါ်စာမှာပါတဲ့ လိပ်စာနဲ့ Facebook Page / Website (DICA) မှာပါသော လိပ်စာတိုက်စစ်လို့ရပါတယ်။ အချို့ လိမ်သူတွေက သူတို့လိပ်စာကို ထည့်ပြီး အရင်အင်တာဗျူးတာမျိုးရှိတယ်။ အဲ့တာကြောင့် လိပ်စာ မှန်/ မမှန်စစ်ဆေးပေးတာတွေ လိုအပ်ပါတယ်။

3️⃣ ပေးပို့ ဆက်သွယ်ရမဲ့ ဖုန်းနံပါတ်ဖြစ်ဖြစ် / Email ဖြစ်ဖြစ် ပါရမည်။
Email များဟာ Company Name တွေဖြစ်တာများတယ်။ ဥပမာ - Shwe Taung Company ရဲ့ အလုပ်လျှောက်လွှာပေးပို့ရမဲ့ Mail ကိုကြည့်ကြည့်ပါ။ ကုမ္ပဏီနာမည်အတိုကောက်ပါပါတယ်။
Email : recruit@shwetaungrealestate.com
ပေးပို့ရမှာ Viber ဖုန်းနံပါတ်ဖြစ်နေရင် အဲ့ဖုန်းနံပါတ်ကို Facebook Search မှာရှာကြည့်ပြီး သုံးသပ်လို့ရတယ်/ တစ်ချို့အလုပ်ခေါ်စာတွေတာပြောင်းသွားတာ ဒီဖုန်းနံပါတ်တွေဘဲဖြစ်နေတတ်တယ်။

4️⃣ အင်တာဗျူးမှာ အပေါင်ပေးထားရတာတွေ မလုပ်ပါနဲ့ !
မြန်မာနိုင်ငံတွင် အလုပ်တစ်ခုရဖို့အတွက် မှတ်ပုံတင် အစစ်နှင့် ဘွဲ့လက် မှတ် အစစ်တွေ ပေးရတဲ့ အလုပ်မျိုးဆို မလုပ်တာ ပိုပြီးကောင်းပါတယ်ဗျ။ အဲ့လိုတောင်းတဲ့ အလုပ်သမား ဥပဒဆိုတာ မရှိသေးပါဘူးဗျ။
(တစ်ချို့ Company များက လုပ်ငန်းသဘောအရ စာချုပ် ချုပ်ရတာတွေတော့ရှိပါတယ်၊ ဘာမှ အပေါင်ပေးဖို့တော့မလိုအပ်ပါဘူး၊ သူတို့ချုပ်ထားတဲ့ နှစ်အတွင်း ထွက်ချင်ရင် လျော်ကြေးပေးရတာတွေတော့ရှီတာပေါ့)

🔎 အထက်ပါအကြောင်းအရာများကို သေချာစီစစ်ပြီးမှ အလုပ်တစ်ခုကိုလျှောက်ဖို့ မေတ္တာရပ်ခံပါတယ်....

JOIM Platform မှ ကုမ္ပဏီတိုက်ရိုက်အလုပ်များကိုသာ တင်ပေးပါသည်ဗျ၊ အလုပ်လျှောက်သူများအနေဖြင့်လည်း JOIM သို့ CV form ပို့ဖို့ မလိုအပ် ကိုယ်လျှောက်မဲ့ Company များရဲ့ Email သို့မဟုတ် Viber ကိုသာ တိုက်ရိုက်လျှောက်ပေးရမှာဖြစ်ပါတယ်ဗျ။

🔹𝗝𝗢𝗜𝗠 𝗪𝗲𝗯𝘀𝗶𝘁𝗲 
🔹𝗝𝗢𝗜𝗠 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 𝗣𝗮𝗴𝗲  
🔹𝗝𝗢𝗜𝗠 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 𝗖𝗵𝗮𝗻𝗻𝗲𝗹  
🔹𝗝𝗢𝗜𝗠 𝗟𝗶𝗻𝗸𝗲𝗱𝗜𝗻 𝗣𝗮𝗴𝗲 
🔹𝗝𝗢𝗜𝗠 𝗩𝗶𝗯𝗲𝗿 𝗖𝗵𝗮𝗻𝗻𝗲𝗹  

JOIM Teams ❤️


Share this Blog?